Sunday, June 30, 2019

နိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသမီး၎ပုံ ၁ပုံ ကွမ်းစား၊အရွယ်ရောက်အမျိုးသမီး ၁၀ပုံ ၁ပုံ နီးပါးခန့် ဆေးလိပ်သောက်ကြကြောင်းစစ်တမ်းတစ်ရပ်ဖော်ပြ

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသား၊အမျိုးသမီးများ၏ ဆေးလိပ်သောက်မှု၊ကွမ်းစားမှုပမာဏများမှာ မြင့်တက်လျှက်ရှိပြီး အရွယ်ရောက်ပြီး အမျိုးသမီး ၄ပုံပုံ ၁ပုံ မှာ ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံး သူများ ဖြစ်နေကြကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်များအရ သိရသည်။



၂၀၁၄ ခုနှစ် သုတေသနစစ်တမ်းကို ကိုးကားပြီး ပြည်ထောင်စု ၀န်ကြီးက ပြောကြားခြင်းဖြစ်ကာ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါများအပါအဝင် ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပြီး ဘဝနေထိုင်မှုအရည်အသွေးကျဆင်းခြင်း၊ အချိန်မတိုင်ခင် စောစီးစွာသေဆုံးခြင်း၊ ရောဂါဖြစ်ပွားသူ၏ မိသားစုတွင်လည်း စိတ်ပူပင် သောကဖြစ်ခြင်း၊ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခြင်းတို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ကြီးမားစွာသော အဟန့်အတားဖြစ်စေကြောင်း သတိပေးစကား ပြောသည်။

မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသား (၄၃.၈%) နှင့် အမျိုးသမီး (၈.၄%) သည် ဆေးလိပ်သောက်သုံးသူများဖြစ်ပြီး အမျိုးသား (၆၂.၂%) နှင့် အမျိုးသမီး (၂၄.၁%) သည် ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံး သူများဖြစ်ကြောင်း ၀န်ကြီးက ဆက်ပြောသည်။

ယင်းအပြင် အသက် (၁၅) နှစ်အောက် လူငယ်များတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုအရေအတွက်မှာ (၂၀၀၁) ခုနှစ်မှ (၂၀၁၆) ခုနှစ်အတွင်း (၃) ဆမြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ၀န်ကြီးက ထုတ်ဖော်ပြောသည်။

နိုင်ငံတော်သမ္မတက စာသင်ကျောင်းများအနီး ဆေးလိပ်ဆိုင်များ မရှိအောင် သက်ဆိုင်ရာအဖွဲ့များက ကြီးကြပ်ကြရန် မှာကြားထားမှု ရှိသည်။

No comments:

Post a Comment