Sunday, June 30, 2019

LGBT များအား ခွဲခြားဆက်​ဆံ ဖိအား​ပေးမှုမပြုလုပ်​​ရေး Myanmar Imperial University ​ရှေ့၌ ဆန္ဒပြ

Image may contain: 1 person, table, tree and outdoorLGBT များအား ခွဲခြားဆက်​ဆံ ဖိအား​ပေးမှုမပြုလုပ်​​ရေး ဆန္ဒပြပွဲကို ယ​နေ့ (ဇွန်​ ၃၀ရက်​) မွန်းလွဲ ၁နာရီတွင်​ ရန်​ကုန်​မြို့၊ ဒဂုံမြို့နယ်​ရှိ Myanmar Imperial University (MIU)​ရှေ့၌ ပြုလုပ်​ခဲ့သည်​။ အဆိုပါ ဆန္ဒပြပွဲတွင်​ လုပ်​ငန်းခွင်​အတွင်း ခွဲခြားဆက်​ဆံမှု​ကြောင့်​ ​သေဆုံးခဲ့သည့်​ ​MIU မှ စာကြည့်​တိုက်​မှူး မောင်​​ကျော်​ဇင်​ဝင်းအတွက်​ အမှုမှန်​​ပေါ်​ပေါက်​​ရေး၊ ထိုကဲ့သို့ ဖြစ်​စဉ်​မျိုး ထပ်​မံမ​ပေါ်​ပေါက်​​ရေးနှင့်​ LGBT များအား ခွဲခြားဆက်​ဆံ ဖိအား​ပေးမှုမပြုလုပ်​​ရေး တို့ကို ​တောင်းဆိုခဲ့သည်​။


MIU မှ စာကြည့်​တိုက်​မှူး မောင်​​ကျော်​ဇင်​ဝင်း ​သေဆုံးမှုနှင့်​ပတ်​သက်​၍ မြန်​မာနိုင်​ငံအမျိုးသားလူ့အခွင့်​အ​ရေး​ကော်​မရှင်​နှင့်​ MIU တို့ပူး​ပေါင်းကာ စုံစမ်းစစ်​​ဆေးမှုများ ပြု​လုပ်​​နေသည်​။

ထိုသို့ စုံစမ်းစစ်​​ဆေးမှုများ ပြုလုပ်​​နေစဉ်​ကာလအတွင်း ပါဝင်​ပတ်​သက်​သူဟု ယူဆရသူသုံးဦးကို အလုပ်​မှ ယာယီရပ်​ဆိုင်းထား​ကြောင်း Myanmar Imperial University က ဇွန်​ ၂၅ရက်​တွင်​ သတင်းထုတ်​ပြန်​ထားသည်​။

No comments:

Post a Comment