Sunday, June 30, 2019

အမေရိကန် ရက်ပါ Slim 400 သေနတ်ဖြင့် ၈ ချက် အပစ်ခံခဲ့ရ

Image may contain: 1 person, smiling, beard and indoorအမေရိကန်ရက်ပါ Slim 400 ဟာ သေနတ်နဲ့အပစ်ခံခဲ့ရလို့ ဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရတယ်လို့ Sky News သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ဇွန် ၂၈ ရက်နေ့ည ၈ နာရီ ၃၀ တုန်းက လော့စ်အိန်ဂျလိစ် ကန့်တန်မှာ ဖြစ်ပွားခဲ့တာပါ။ ရက်ပါဟာ သေနတ်နဲ့ ရှစ်ချက်အပစ်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး လက်ရှိမှာတော့ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို အပစ်ခံခဲ့ရသလဲဆိုနဲ့ပတ်သက်လို့ ထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့် စဖြစ်ဖြစ်ချင်းမှာ အခြေအနေဆိုးရွားခဲ့ပါတယ်။


ဘာ့ကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရသလဲဆိုတာကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး အခင်းဖြစ်ရာကနေ ကားအနက်တစင်း မောင်းနှင်ထွက်ခွာသွားတာကို မြင်တွေ့ခဲ့ရတာကြောင့် ကားနဲ့ဒီပစ်ခတ်မှုအကြား ဆက်စပ်မှုရှိနေမယ်လို့လည်း ယူဆရပါတယ်။

Slim 400 ဟာ တခြားရက်ပါတဦးဖြစ်တဲ့ YG နဲ့အတူတူရှိနေချိန်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရတာဖြစ်ပြီး သူ့ကို ညလုံးပေါက် စောင့်ကြည့်ပြီးနောက် သူအခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာပြီလို့လည်း YG ကပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ဂရမ်မီဆုစကာတင်စာရင်းမှာ ပါဝင်တဲ့ ရပ်ပါ နစ်ဆေး ဟက်ဆယ် လော့စ်အိန်ဂျလိစ်မြို့ အပြင်ဘက်က အထည်ဆိုင်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီး သုံးလအကြာမှာ ပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။

No comments:

Post a Comment