Sunday, June 30, 2019

မြန်မာပြည်ပရိသတ်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းမင်းသား Saint

Embedded thumbnail for မြန်မာပြည်ပရိသတ်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းမင်းသား SaintLove By Chance ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေရင်ထဲမှာနေရာယူထားတဲ့ ထိုင်းသရုပ်ဆောင်မင်းသား Saint ဟာ ဒီကနေ့မှာ မြန်မာပြည်ကပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းကုန်ပစ္စည်းတံဆိပ်ဖြစ်တဲ့ Beauty Buffet အလှကုန်ရဲ့ တစ်နှစ်ပြည့်အခမ်းအနားအထိမ်းအမှတ်အဖြစ် ဖိတ်ကြားချက်နဲ့အတူ မြန်မာနိုင်ငံကို ရောက်ရှိလာတာပါ။ Saint ရဲ့ပရိသတ်များစွာ လာရောက်ခဲ့ကြပြီး Saint နဲ့အတူ ဥာဏ်စမ်းပဟေဠိဖြေကြားတာတွေ၊ ဓာတ်ပုံအတူရိုက်ကူးတာတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ Saint ဟာ Love By Chance၊ Reminders ၊ Why are you? စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပရိသတ်လူသိများပြီး ထိုင်းနိုင်ငံသာမကဘဲ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံတို့မှာပါ လူကြိုက်များတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

No comments:

Post a Comment