Sunday, June 30, 2019

မြေသိမ်းထားသူများ ပြန်ပေးရမည့်မြေများကို မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

မြေသိမ်းထားသူများ ပြန်ပေးရမယ့်မြေများကို မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်သည်။ ဇွန် ၂၈ရက်က ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့၊ လယ်ယာဝန်ဆောင် မှုစင် တာ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံတောင်သူလယ်သမားများ တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။



နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က”ကျွန်မအနေနဲ့ နိုင်ငံအနှံ အပြားကပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံတဲ့အခါမှာ ဘယ် နေရာမှာပဲရောက်ရောက် လူထုက တင်ပြတဲ့အထဲမှာလယ်ယာမြေ ကိစ္စက ထိပ်ဆုံးကအများဆုံးဖြစ် နေတာကို ကျွန်မကိုယ်တိုင်ပဲတွေ့ ခဲ့ရပါတယ်။ ဒါကြောင့်လည်း လယ်ယာ မြေပြဿနာတွေကိုအမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းအားပေးနေတာ ဖြစ်ပါ တယ်။ အချိန်ကာလသတ်မှတ်ချက် တွေသတ်မှတ်ထားပေမယ့် လက် တွေ့မြေပြင်မှာ နှစ်နဲ့ချီပြီးစောင့်ဆိုင်းနေရတဲ့ကိစ္စတွေ အများကြီး ကျန်နေသေးတယ် ဆိုတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။ ဝန်ထမ်း အင်အား မလုံလောက်လို့လား၊ လုပ်နည်းလုပ်ထုံးတွေက ကြန့် ကြာနေတာလား၊ တာဝန်ယူတာဝန် ခံမှုမရှိဘဲ ဟိုဘက်၊ ဒီဘက်စာ တွေလွှဲနေလို့ မပြီးပြတ်တာလား။ ဒါတွေကို သေသေချာချာ သုံးသပ် လေ့လာပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းဆောင်ရွက်ဖို့ သက်ဆိုင် ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်အစိုးရတွေကိုတိုက်တွန်း အားပေးနေရပါတယ်။ ကျွန်မတွေ့ ရတာကတော့ ဒီလိုမြေနဲ့ပတ်သက် လို့ရှိရင် သိမ်းထားတဲ့သူတွေက ပြန်မပေးချင်လို့ အချိန်ဆွဲတာတွေ လည်းရှိပါတယ်။ တချို့ဟာတွေ ကျတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက လုပ်ထုံးလုပ်နည်းတွေဟာသိပ် ပြီးမပီပြင်လို့ မကြန့်ကြာသင့်ဘဲနဲ့ ကြန့်ကြာနေတာတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာလည်း တစ်ခါတလေ မြေနဲ့ပတ်သက်လို့ မူလပိုင်ရှင်ပါလို့ ပြန်ပြီးတောင်းတဲ့သူ တွေဟာလည်း ပြည့်ပြည့်စုံစုံအ ထောက်အထားမရှိတာတို့၊ တစ်ခါ တလေလည်း မမှန်မကန်ဘဲနဲ့ တောင်းတာတွေ ဒါတွေလည်းရှိ နေပါတယ်”ဟု ပြောသည်။

ယခင်က အကြောင်းအမျိုးမျိုး ကြောင့် သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေ များကို မူလပိုင်ရှင်များထံ အမြန်ဆုံးပြန်လည်လွှဲပြောင်း ပေး အပ်နိုင်ဖို့ကို လည်း နိုင်ငံတော်သမ္မတ ရုံးက ဦးစီးပြီးအလေးပေးဆောင် ရွက်နေကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က”အဲဒီတော့ အားလုံးဘက် ကနေပြီးတော့ဖြောင့်ဖြောင့်မှန်မှန် နဲ့ ကိုယ်လုပ်ရမယ့်တာဝန်ကို ကိုယ် ကျေပွန်ဖို့ရာ သိပ်အရေးကြီးပါတယ်။ ဒါမှပဲ ကျွန်မတို့ မြေယာကိစ္စတွေ ကို အမြန်ဆုံးဖြေရှင်းနိုင်မှာပါ။ တစ်ဖက်တည်းမှာပဲ အပြစ်ရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ ဒါပေမဲ့လည်း အခုဧရာဝတီတိုင်းဒေသ ကြီးမှာတော့ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးတဲ့အခါမှာ တချို့ပြန်ပေးရ မယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကပြန်ပေး ရမယ့်နေရာမှာ နှောင့်နှေး နေတယ်ဆိုတာ ကို ကျွန်မ ကြားရပါတယ်။ အဲဒါကတော့ နှောင့်နှေး နေတဲ့ ပုဂ္ဂိုလ်များမနှောင့်နှေးဖို့ ကျွန်မအနေနဲ့ တိုက်တွန်းပါရစေ။ ကိုယ်မပိုင်ဆိုင်တဲ့ကိစ္စကို ဘာဖြစ်လို့ဖက်တွယ် ချင်နေရ မှာလဲ။ မြန်မြန်ဆန်ဆန် ပြန်ပေးလိုက်တော့ အားလုံးအတွက် လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံအတွက်လည်း ကောင်းပါတယ်။ ကျွန်မတို့နိုင်ငံဟာ အခုချိန်ထိစိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံဖြစ် တာကြောင့် မိုလို့လယ်ယာ မြေကိစ္စဟာအင်မတန်မှအရေး ကြီးပါတယ်။ ဒါကြောင့်ကိုယ်မပိုင်ဆိုင်တာ ကိုယ်ပြန်ပေးရမယ်မြေ တွေကို မြန်မြန် ဆန်ဆန်ပြန်ပေးခြင်းဟာကိုယ့်အတွက်လည်းသိက္ခာရှိတယ်။ ကိုယ့်ရဲ့နိုင်ငံ အတွက်လည်း အကျိုးရှိတယ်ဆိုတာကို နှလုံးသွင်း ပြီးတော့ မြန်မြန်ဆန်ဆန်ဖြစ် အောင်သက်ဆိုင်သူများကနေပြီး ပူးပေါင်း ဆောင်ရွက်ပေးစေချင်ပါတယ်”ဟုဆက်လက်ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို ပြည် ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ ဒေသခံတောင်သူများ တက် ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment