Sunday, June 30, 2019

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ယနေ့အခြေအနေမျိုးဖြစ်ခဲ့ဟု သူရဦးရွှေမန်း ပြောကြား

၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ယနေ့အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ ဇွန် ၂၉ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသူတစ်ဦး၏ ပါတီတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် သူရဦးရွှေမန်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။



“၁၉၉၀ ကျတော့ နိုင်ငံရေးပါတီများ တည်ထောင်ကြပါတယ်။ ရွေးကောက်ပွဲဝင်ကြပါတယ်။ ကျွန်တော် မှတ်မိသလောက် နိုင်ငံရေးပါတီပေါင်း ၂၀ဝ ကျော်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီပေါင်း ၁၀ဝ နီးပါးဝင်ပါတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲဖြစ်လာသော်လည်း ရွေးကောက်ပွဲရလဒ်ကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီနေ့ဒီအခြေအနေမျိုး ဖြစ်သွားတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ အကယ်လို့သာ အဲဒီအချိန်အခါတုန်းက ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီးတော့ ရွေးကောက်ပွဲကိုယ်စားလှယ်များမှတစ်ဆင့် အစိုးရဖွဲ့စည်းရေးအပါအဝင် နိုင်ငံတည်ဆောက်ရေး၊ ထူထောင်ရေးလုပ်ငန်းများ လုပ်မယ်ဆိုရင် ဒီအခြေအနေမျိုးတွေဖြစ်ဖို့ နည်းပါတယ်။ ပြည်သူတွေကလည်း မလိုလားဘူး။ နိုင်ငံတကာကလည်း မကြိုက်၊ ဖိအားတွေအမျိုးမျိုး၊ ပိတ်ဆို့မှုတွေအမျိုးမျိုးကြားမှာ ဒီနေ့ ကျွန်တော်တို့နိုင်ငံ ဒီလိုအခြေအနေ ဖြစ်တယ်လို့ပဲ ပြောလို့ရပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။


၁၉၉၀ ပြည့်နှစ် မေ ၂၇ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ရာခိုင်နှုန်း ၉၀ ကျော်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနီးပါးအနိုင်ရရှိခဲ့သော်လည်း ထိုစဉ်အချိန်က အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

သူရဦးရွှေမန်းက ဆက်လက်ပြီး ゞင်းအနေဖြင့် လိုအပ်၍ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လုပ်ဆောင်ခြင်းဖြစ်ပြီး မိမိတွင် အာဏာရနိုင်ငံရေးပါတီများ၏ ဗဟုသုတများစွာရှိထား၍  ဆောင်ရန်၊ ရှောင်ရန်များကို သိရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

သို့သော် ゞင်းသည် ယခုမှ နိုင်ငံရေးသမားဘဝ အစပြုခြင်းမဟုတ်ဘဲ လမ်းစဉ်ပါတီခေတ်ကတည်းက တပ်မတော်သားတစ်ဦးအနေဖြင့် ပါတီမဝင်မနေရအခြေအနေတွင် လမ်းစဉ်ပါတီဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ် အသွင်ပြောင်းသည့် ၂၀၁၀ ပြည့်နှစ်တွင် ပါတီဝင်တစ်ဦးအဖြစ်မှ ပါတီဒုဥက္ကဋ္ဌဌ၊ ခေါင်းဆောင် စသည့် အခြေအနေများ၊ လက်ရှိအစိုးရ လက်ထက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌဌအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ ဆောင်ရန်၊ ရှောင်ရန်များကို နားလည်သိရှိခွင့်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒါကြောင့်လည်း ဒီလိုဆိုရင်တော့ ကျွန်တော်တို့နိုင်ငံမှာ မြန်မာနိုင်ငံကောင်းအောင်၊ ပြည်သူများအကျိုးရှိအောင် လုပ်ဆောင်ပေးဖို့အတွက် ပါတီတစ်ရပ်ထူထောင်ဖို့လိုတယ်ဆိုတဲ့ အတွေးပေါ်လာပါတယ်။ အဲဒီအတွေးနဲ့အတူ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတစ်ရပ်ထူထောင်ပြီး နိုင်ငံရဲ့ စီးပွားရေးတိုး တက်အောင်၊ စားဝတ်နေရေး၊ လူမှုရေးကဏ္ဍဍတွေကို စီးပွားရေးရှိမှ တည်ဆောက်လို့ရနိုင်တဲ့အတွက် နိုင်ငံရေးမူဝါဒသဘောများ ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံဂုဏ်သိက္ခာရှိရေးတို့အတွက်အပြင် ပြည်သူလူထုကြီး ဂုဏ်သိက္ခာမြင့်မားရေးအတွက် ပါတီကို တည်ထောင်ခြင်းဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ゞင်း၏ပါတီသည် နိုင်ငံနှင့် ဆီလျော်လိုက်ဖက်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံရေးမူဝါဒအပါအဝင် စီးပွားရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး၊ တိုင်းရင်းသား၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်၊ ဘာသာသာသနာ၊ အမျိုးသမီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံ့ဝန်ထမ်း၊ သတင်းမီဒီယာ၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍဍများအတွက် မူဝါဒ ၂၂ ချက်၊ လုပ်ငန်းစဉ် ၈၁ ချက်ချမှတ်ထားရှိကြောင်း ထုတ်ပြန်သည်။

ပါတီကို စိတ်ဝင်စားသူများအနေဖြင့်လည်း ပါတီသို့ ဝင်ရောက်ရာတွင် ပါတီဝင်ကြေး၊ လစဉ်ကြေးများ ပေးဆောင်ရန် မလိုကြောင်းနှင့် ပါတီမှထွက်လိုပါကလည်း ထွက်စာတင်အချိန်မရွေး နုတ်ထွက်နိုင်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီအချို့နှင့် စီးပွားရေးလုပ်ငန်း ရှင်များ၊ NGO၊ INGO များ၊ နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲမတိုင်မီတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရန်ကုန်တိုင်းဒေသကြီးရုံးဖွင့်ပွဲနှင့် မရမ်းကုန်းမြို့နယ် ရုံးဖွင့်ပွဲတို့ကို တိုက် ၁၀၊ အခန်း ၂၀၁-၂၀၂၊ ရွှေကမာအိမ်ရာ၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့နယ်တွင် ကျင်းပခဲ့သည်။       

No comments:

Post a Comment