Sunday, June 30, 2019

ရန်ကုန်မြို့သစ်စီမံကိန်းနေရာတွင် နိုဝင်ဘာနောက်ပိုင်း သီးနှံစိုက်ပျိုးခြင်းကို တိုင်းအစိုးရတားမြစ်

ရန်ကုန်မြို့သစ်တည် ဆောက်ရေး ကြန့်ကြာမှုမဖြစ်စေ ရန် စီမံကိန်းဒေသတွင် လာမည့် နိုဝင်ဘာ၌ မိုးစပါးများနောက်ဆုံး ရိတ်သိမ်းရမည်ဖြစ်ပြီး ယင်းနောက် ပိုင်းတွင် မည်သည့်သီးနှံကိုမျှ စိုက်ပျိုးခြင်းမပြုရန် ရန်ကုန်တိုင်း အစိုးရက တားမြစ်သည်။ ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့်တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် မိုး စပါးနှင့် စကမုရင်းစပါးစိုက်ပျိုး ခြင်းများကို ခွင့်ပြုထားသော် လည်း အချို့တောင်သူများသည် နွေစပါးစိုက်ပျိုးရန်အထိ ပြင်ဆင် လာ၍ တားမြစ်ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေး ရွာအုပ်ချုပ်ရေးမှူးများထံသို့ ဇွန် လ ၂၈ ရက်စွဲဖြင့် ပေးပို့သည့်စာ တွင် ဖော်ပြထားသည်။



နိုဝင်ဘာလသည် မိုးစပါးနှင့် စကမုရင်းစပါးများ နောက်ဆုံး ရိတ်သိမ်းရမည့်ကာလဖြစ်ပြီး ထို နောက်ပိုင်းတွင် မည်သည့်သီးနှံ ကိုမှ စိုက်ပျိုးခွင့်မပြုတော့ဟု ယင်းစာတွင် ဖော်ပြထားသည်။

‘‘ဒီနေရာတွေက မြေသိမ်း မိန့်ထုတ်ထားပြီးသား။ အဲဒီအ တွက် လျော်ကြေးပေးဖို့ ညှိနှိုင်း ထားတယ်။ ဒီစီမံကိန်းမလုပ်သေး ခင် စိုက်ခိုင်းထားတာ။ နောက် ပိုင်း ရှုပ်လာမှာစိုးလို့ပါ’’ ဟု ဆိပ် ကြီးခနောင်တိုမြို့နယ် တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ရန်ကုန်မြို့သစ် အကောင် အထည်ဖော်ခွင့် ရထားသည့် ကုမ္ပဏီ (NYDC)က မဟာဗျူဟာ မြောက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာဆန်းစစ်ခြင်း (SEA) မူကြမ်းကို ၂၀၁၉ ဇွန်လတွင် အပြီးသတ်လုပ်ဆောင်မည်ဟု ဆို ထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်က စတင် ခဲ့သည့် မြေနေရာရှိ ဧက ၂၀,၀၀၀ တွင် ပထမအဆင့်စတင်အ ကောင်အထည်ဖော်မည်ဖြစ် သည်။ ယင်းစီမံကိန်းအကောင် အထည်ဖော်ရန် တိုင်းအစိုးရက ကျပ် ၁၀ ဘီလီယံအသုံးပြုကာ NYDC ကုမ္ပဏီကိုထူထောင်ပြီး လုပ်ငန်းရှင် ဦးသိမ်းဝေအား ကုမ္ပဏီဒုတိယဥက္ကဋ္ဌနှင့် အမှု ဆောင်အရာရှိချုပ်အဖြစ် ခန့်အပ် ခဲ့သည်။ ရန်ကုန်မြို့သစ် စီမံကိန်း သည် အခြေခံတည်ဆောက်ရေး လုပ်ငန်းများပြီးစီးပါက ကန်ဒေါ် လာ ၁ ဒသမ ၅ ဘီလီယံကုန်ကျ မည်ဖြစ်သည်။ ရန်ကုန်မြို့သစ် စီမံကိန်းတည်ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံထက် နှစ်ဆကျယ် ၀န်းမည်ဟု NYDC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

No comments:

Post a Comment