Sunday, June 30, 2019

ပြည်ပမှ စားတော်ပဲ တင်သွင်းမည့် အစီအစဉ် ညှိနှိုင်းဆဲဖြစ်ပြီး မဆုံးဖြတ်ရသေးဟုဆို စားတော်ပဲ တင်သွင်းမည့်သတင်းကြောင့် ပြည်တွင်းဈေးကျဆင်း

 ပြည်ပမှ စားတော်ပဲတင် သွင်းမည့် အစီအစဉ်သည် ညှိနှိုင်း ဆဲဖြစ်ပြီး တိကျစွာ မဆုံးဖြတ်ရ သေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြော သည်။ြ ပည်ပမှ စားတော်ပဲ တန် ချိန်ငါးသောင်းခန့် တင်သွင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ခွင့်ပြုထား သော်လည်း ပြည်တွင်းပဲစိုက်ပျိုး သည့် တောင်သူများ၊ ကုန်သည် များနှင့် ညှိနှိုင်းသဘောတူညီမှုရရှိ မှသာ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။



‘‘တင်သွင်းမယ်ဆိုရင်လည်း တောင်သူတွေ မထိခိုက်အောင် ဆောင်ရွက်နေပါတယ်’’ဟု ဇွန်လ ၂၉ ရက် ဒုတိယသမ္မတနှင့် စီးပွား ရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

လက်ရှိ စားတော်ပဲတင်သွင်း ရန် စီစဉ်ခြင်းကလည်း ပြည်တွင်း လိုအပ်ချက်ရှိနေခြင်းကြောင့်ဟု ပြည်ထောင်စုဝန်ကြီးက ပြော သည်။ ပဲတင်သွင်းမှုနှင့် ပတ် သက်၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းကို တောင် သူများနှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

သို့သော် စားတော်ပဲ တန်ချိန် ငါးသောင်းတင်သွင်းမည့်သတင်း ကြောင့် စစ်ကိုင်းတိုင်းတွင် ပဲဈေး နှုန်းသည် ရက်ပိုင်းအတွင်း တစ်တင်းလျှင် ကျပ် ၁,၀၀၀ ခန့် ဈေးကျ ဆင်းသည်။ လက်ရှိ စားတော်ပဲ ဈေးနှုန်းက တစ်တင်းလျှင် ကျပ်နှစ်သောင်းဈေးရှိသည် ဟု မုံရွာမြို့မှ ပဲကုန်သည်တစ်ဦး က ပြောသည်။

 ကနေဒါနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့မှ တင်သွင်းမည့် စားတော်ပဲအမျိုးအစားသည် ပြည်တွင်းပဲကဲ့သို့ အရသာမကောင်း သော်လည်း ဈေးနှုန်းသက်သာ ကြောင်း ပဲကုန်သည်အချို့က ပြောသည်။ နိုင်ငံခြားမှ တင်သွင်း သည့်ပဲသည် တစ်တင်းလျှင် ကျပ်၁၇,၀၀၀ ခန့်သာ ဈေးရှိသည်ဟု မုံရွာမှ ပဲကုန်သည်တစ်ဦးက ပြောသည်။

ပြည်ပမှ တင်သွင်းသည့် စားတော်ပဲက ဈေးသက်သာခြင်း ကြောင့် ပြည်တွင်းပဲကြာဆံထုတ် လုပ်ခြင်းနှင့် ကုလားပဲအစားထိုး ရာတွင် အသုံးပြုသည်။

ပြည်ပမှ စားတော်ပဲ တင် သွင်းမှုကို ၂၀၁၇ ဩဂုတ်မတိုင်မီ အထိ စီးပွားကူးသန်းဝန်ကြီးဌာန က ခွင့်ပြုထားခဲ့သည်။ နိုင်ငံ တကာအခေါ် Yellow Pea ဟု ခေါ်သော စားတော်ပဲကို ၂၀၁၇ မတိုင်မီက တစ်နှစ်လျှင် တန်ချိန် နှစ်သိန်းအထိ ပြည်ပမှ တင်သွင်း ဖူးသည်ဟု ဦးမင်းကိုဦးက ပြော သည်။

သို့သော် ၂၀၁၇ ဩဂုတ်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုနှင့် ပတ်သက်၍ မူဝါဒကန့်သတ် သည့် ကြေညာချက်ထွက်ပေါ်လာ ပြီးနောက် မြန်မာနိုင်ငံကလည်း စားတော်ပဲတင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။

အိန္ဒိယ၏ ပဲမူဝါဒက ပြည် တွင်းမှ ထုတ်လုပ်သည့် ပဲစင်းငုံ တန်ချိန် သုံးသိန်းကျော်အတွက် ဈေးကွက်ပျောက်သည့် အခြေ အနေမျိုး ဖြစ်လာသဖြင့် ပဲကြာဆံ လုပ်ငန်းများတွင် ပဲစင်းငုံကို အ စားထိုးသုံးနိုင်ရန် စားတော်ပဲတင် သွင်းမှုကို တားဆီးခြင်းဖြစ် ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦး က ပြောသည်။ ၂၀၁၉ တွင် ပြည်တွင်း၌ ပဲစင်းငုံ  တန်ချိန်ငါးသောင်းကျော် သာ ကျန်ရှိသဖြင့် ပဲကြာဆံလုပ်ငန်းများ အပါအဝင် အစားထိုးပဲ အဖြစ် ပြည်ပမှ တင်သွင်းရန် စီးပွားကူးသန်းဝန်ကြီးဌာနက ခွင့်ပြုသော်လည်း ပဲစိုက်တောင်သူ များနှင့် ပဲသိုလှောင်ထားသည့် ဈေးကျဆင်းမည်ကို စိုးရိမ်နေ သည်။

No comments:

Post a Comment