Sunday, June 30, 2019

ရုရှားစစ်တပ် စစ်ရေးစွမ်းရည်ပြပွဲ ပိတ်ပွဲကျင်းပ

ရုရှားစစ်တပ်ဟာ သူတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်မှာ ဇွန်လ ၂၉ ရက်က နှစ်စဉ်ကျင်းပနေကျ စစ်ရေးစွမ်းရည်ပြပွဲပိတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ခြေလျင်တပ် ရေတပ် လေတပ်တို့က အကြီးစား စစ်ရေး လေ့ကျင့်ခဲ့ကြတာပါ။ ဆီဗက်စတိုပို ဆိပ်ကမ်းမြို့က ဒေသခံတွေဟာ ပင်လယ်အော်တလွှားမှာ စစ်ကားတွေ လေ့ကျင့်နေပုံ၊ စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေက လေကြောင်း ကျွမ်းထိုး စွမ်းရည်ပြနေပုံတွေကို မြင်ခဲ့ရ ပါတယ်။



ခြေလျင်တပ်ကလည်း လုံခြုံရေးနဲ့ သိုင်းစွမ်းရည်တွေကို ပြသခဲ့ပါတယ်။ ရုရှားရဲ့ မြို့တွေ အတော်များများမှာလည်း Army 2019 forum ကို နှစ်စဉ်ကျင်ပပြီး ရုရှား၊ အဇာဘိုင်ဂျန် အာမေးနီးယား ဘဲလာရုစ် အိန္ဒိယ၊ ကာဇက်စတန်၊ တရုတ်၊ ပါကစ္စတန်၊ ထိုင်း၊ တူရကီနဲ့ တောင်အမေရိက နိုင်ငံတွေက ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတွေက နောက်ဆုံးပေါ် တီထွင်မှုတွေကို ခင်းကျင်းပြသပါတယ်။ Army 2019 ကုန်စည်ပြပွဲအတွင်း စစ်ရေးပြခန်းတွေနဲ့ ညီလာခံတွေကို ဇွန်လ ၃၀ ရက်ထိ ပြသ ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment