Sunday, June 30, 2019

စစ်ကိုင်းမြို့ကို ခရီးသွားစံပြမြို့အဖြစ် သတ်မှတ်မည်

စစ်ကိုင်းမြို့ကို တိုင်း ဒေသကြီးအတွင်းရှိ မြို့များအနက် ခရီးသွားစံပြမြို့အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်က ပြောသည်။ ဇွန်လ ၂၈ ရက်က စစ်ကိုင်း မြို့၌ ကျင်းပခဲ့သော ဒေသခံများ နှင့် တိုင်းအစိုးရအဖွဲ့တွေ့ဆုံပွဲ တွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားသည်။ ‘‘စစ်ကိုင်းမြို့ကို ဘာကြောင့် ရွေးချယ်ရသလဲဆိုရင် စစ်ကိုင်းက အချက်အချာကျတယ်။ ဒီကနေ တစ်ဆင့် မြင်းမူကို သွားလို့ရ တယ်။ ရှိန်းမကားကို သွားလို့ရ တယ်။ တံတားဦး လေယာဉ်ကွင်း နဲ့လည်း နီးတယ်။ ဒီအတွက် ကျွန်တော်တို့ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမှာပါ’’ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။


စစ်ကိုင်းမြို့ကို ခရီးသွား ကဏ္ဍနှင့် ပတ်သက်၍ စံပြမြို့ တော်အဖြစ် သတ်မှတ်ပြီး ဆောင် ရွက်မည့် လုပ်ငန်းကဏ္ဍကို လတ် တလော မသိသေးကြောင်း စစ် ကိုင်းတိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဦးက ဆိုသည်။

‘‘ဒီလိုမြို့တော်တွေကို တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင် ရွက်မှာဗျ။ ကျွန်တော်တို့ဆီကို ပြည်ထောင်စုက အခုမှ စာကျလာ တာ။ ဘာတွေဆောင်ရွက်ရမယ် ဆိုတာ အသေးစိတ်တွေပါမယ်။ ကျွန်တော်တို့မသိရသေးဘူး’’ဟု ဦးစိုးဦးက ပြောသည်။  စစ်ကိုင်းမြို့ကို ခရီးသွား ကဏ္ဍ မြှင့်တင်ရေးအဖြစ် ရှေး ဟောင်းအစေခံ ခံတပ်၊ ကနောင် မင်းသားကြီးဆောက်လုပ်ခဲ့သော သံရည်ကျိုစက်ရုံ၊ ရှေးဟောင်းရုပ် စုံကျောင်းအပါအဝင် လေ့လာ လည်ပတ်စရာ နေရာအချို့ကို တိုင်းအစိုးရအဖွဲ့က ပြုပြင်ထိန်း သိမ်းကာ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

No comments:

Post a Comment