Sunday, June 30, 2019

လောလောဆယ် မည်သည့်ပါတီနှင့်မျှ မဟာမိတ်ဖွဲ့မည်မဟုတ်ဟု ဒီချုပ်ဒုဥက္ကဋ္ဌ ဆို

လောလော ဆယ်မည်သည့်ပါတီနှင့်မှ မဟာမိတ်ဖွဲ့မည်မဟုတ်ကြောင်း ဒီချုပ်ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် မောင်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပါတီစထောင်၍ ၁၉၉ဝ ရွေးကောက်ပွဲဝင်ချိန်မှစ၍ နောက်ပိုင်း ရွေးကောက်ပွဲများတွင် မှာပါမည်သည့်ပါတီနှင့်မှ မဟာမိတ်မဖွဲ့ခဲ့ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ဒီမို ကရေစီ တူဒေးသို့ ဇွန် ၂၈ ရက်တွင် ပြောကြားသည်။ ဒီချုပ်ပါတီသည် တိုင်းရင်း သားပေါင်းစုံပါဝင်သည့် ပါတီ ဖြစ်ကြောင်းလည်း ၎င်းင်းကဆိုသည်။



”ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်း သားပေါင်း စုံနဲ့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ ပါတီထဲမှာ တိုင်းရင်းသား လူမျိုးပေါင်း စုံပါပြီးသားပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉ဝ ရွေးကောက် ပွဲဝင်ကတည်းကလည်း ဘယ်ပါတီ နဲ့မှ မဟာမိတ်မလုပ် ခဲ့ပါဘူး။ ၂ဝ၁၂ မှာလည်း ဒါမျိုးမရှိခဲ့ပါ ဘူး။ ၂ဝ၁၅ မှာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် လောလောဆယ် ဘယ်ပါတီနဲ့မှစာချုပ်ချုပ်ပြီး မဟာ မိတ်ဖွဲ့ဖို့မရှိပါဘူး”ဟု ၎င်းင်းကပြော သည်။

ဒီချုပ်ပါတီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီဝင်များရှိသလို ရုံးများလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ တူသည့်အရာများ တွင် တွဲလုပ်မည်ဟူသည့် မူကိုနဂိုကတည်းက ချမှတ်ထားပြီးဖြစ် ကြောင်း ၄င်း ကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များရွေးချယ်ရာတွင်လည်း တိုင်းရင်းသား အများစု ပါဝင်နိုင်ရန် ဆောင်ရွက်ထားပြီး အစိုးရဖွဲ့စည်းခဲ့ရာတွင်လည်း တိုင်းရင်းသားများကို တာဝန်ပေးထားကြောင်း၊ ဒုသမ္မတဖြစ်သည့် ဦးဟင်နရီ ဗန်ထီးယူမှာ ချင်း၊ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်မှာ ကချင်၊ ဦးအေးသာအောင်မှာ ရခိုင်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်များတွင် လည်းဒေသဆိုင်ရာ တိုင်းရင်းသား များကိုသာ ရွေးချယ်တာဝန်ပေး ထားကြောင်း ဒေါက်တာဇော်မြင့် မောင်က ပြောသည်။

အတိုက်အခံပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီကမူ လာမည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် မူဝါဒတူသည့်ပါတီများနှင့် ပူးပေါင်းယှဉ်ပြိုင်သွားမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဒီမိုက ရေစီတူဒေးသို့ ပြောကြားထား သည်။

၂ဝ၂ဝ အထွေထွေရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးနှင့်မဟာမိတ်ဖွဲ့ထား ကြောင်း တိုင်းရင်းသားပါတီတစ် ခုဖြစ်သည့် လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီကလည်း ပြောကြားထား သည်။

ယင်းနှင့် ပတ်သက်၍ ပါတီထိပ်ပိုင်းမှ သတင်းသေချာမသိရှိရ သေးသော်လည်း သဘောထားညီမျှသည့်ပါတီများနှင့် ပူးပေါင်းဆောင် ရွက်သွားရန် မူဝါဒရှိပြီးသားဖြစ် ကြောင်း ဦးသိန်းထွန်းဦးက ဒီမိုက ရေစီတူဒေးသို့ ဇွန် ၉ရက်တွင် ပြော ကြားခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ဦး ဆောင်သည့် ပြည်သူ့ပါတီအနေ ဖြင့်လည်း တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့သွားမည်ဖြစ် ကြောင်း ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဒီမိုကရေစီတူဒေးသို့ ဇွန် ၂၆ရက် က ပြောကြားထားသည်။

No comments:

Post a Comment