Sunday, June 30, 2019

ပုသိမ်မြို့တွင် ကျဉ်စက်သုံး၍ အချုပ်သားလုသူသုံးဦးကို ဖမ်းမိ

အချုပ်သားတစ်ဦးကို ပုသိမ်ခရိုင်တရားရုံးမှ တရားရုံးအ ချုပ်သို့ ခေါ်လာစဉ် လူသုံးဦးက ကျဉ်စက်အသုံးပြု၍ လုယူရန် ကြိုးစားပြီး ကျူးလွန်သူအားလုံး ဖမ်းမိကြောင်း ဧရာဝတီတိုင်း ရဲ တပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောသည်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့ နယ် ခရေပင်ရိပ်မွန်အိမ်ရာနေ အသက်(၅၂)နှစ်အရွယ် မြင့်ဦးကို ပုသိမ်နယ်မြေရဲစခန်းက မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဖမ်းဆီး ပြီး အဆိုပါတရားရုံး၌ တရားစွဲ ကာ ဇွန်လ ၂၇ ရက်နေ့လယ်က ပုသိမ်ခရိုင်တရားရုံး၌ ရုံးထုတ်စစ် ဆေးပြီးနောက် တရားရုံးအချုပ် သို့ ရဲအစောင့်အရှောက်ဖြင့် ပြန် လည်ခေါ်ဆောင်လာစဉ် ဖြစ်ပွား ခြင်းဖြစ်သည်။



ဖြစ်စဉ်သည် ပုသိမ်ခရိုင် တရားသူကြီး ဒေါ်မြင့်ဝှာ၏တရား ခွင်မှ အဆိုပါအချုပ်သားကို စစ် ဆေး၍ ရုံးချိန်းပြန်ချိန်းပြီးနောက် ဒုရဲအုပ်ဇင်မင်းသူနှင့် ရဲတပ်ဖွဲ့ဝင် သုံးဦးက အချုပ်သို့ပြန်လည်ခေါ် ဆောင်လာစဉ် အချုပ်သားကို ပခုံးဖက်ခေါ်လာသော ရဲဒုတပ် ကြပ်ရဲထက်အောင်၏လည်ကုပ် ကို ကိုဇော်ဆိုသူကအရှည်ခြောက် လက်မခွဲရှိ Police တံဆိပ်ပါကျဉ် စက်ဖြင့် တို့ခဲ့ကြောင်း ဒုရဲမှူးကြီး ထွန်းရွှေက ဆိုသည်။

‘‘စောစောကတည်းက အ ကွက်ကျကျ ကြိုတင်ကြံစည်ခဲ့တာ ပါ။ ကျဉ်စက်နဲ့အတို့ခံရတဲ့ ရဲက လဲကျသွားတော့ သူ့ရဲ့သံကြိုးကို ကိုင်ထားတဲ့ ရဲတပ်ကြပ်ကြီးဆီက နေ တရားခံက ထွက်ပြေးဖို့ကြိုး စားတယ်။ ရဲတပ်ကြပ်ကြီးက လည်း လုံးထွေးပြီး တရားခံ မလွတ်အောင် ဖမ်းထားတယ်။ ကျဉ်စက်နဲ့တို့ပြီး တရားရုံးအ ပေါက်ဝကို ပြေးတဲ့သူကိုလည်း ဒုရဲအုပ်ဇင်မင်းသူတို့ အဖွဲ့လိုက် ပြီး ဖမ်းခဲ့တယ်’’ ဟု ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။

ထို့နောက် တရားရုံးဝင်းတံ ခါးဝ၌ ဆိုင်ကယ်နှင့်အသင့်စောင့် နေသည့် မြင့်ဦး၏သားကြီးနေလှိုင် ထွန်းနှင့် ရုံးနောက်(၂)လမ်း၊ လမ်းဆုံတွင် အိမ်စီးကားအဖြူ ရောင်နှင့် အသင့်စောင့်နေသော သားလတ်ရာဇာဟိန်းထက်ကို ရဲ တပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း မှတ် တမ်းတွင် ဖော်ပြသည်။ ၎င်းတို့ထံမှ ကျဉ်စက်နှစ် လုံးကို သိမ်းမိပြီး ထွက်ပြေးရန် ကြိုးစားသူမြင့်ဦးနှင့် ကျူးလွန်သူ သုံးဦးကို ပုသိမ်မြို့မရဲစခန်းက လူသတ်မှုကို ကျူးလွန်ရန်အား ထုတ်ခြင်း၊ ပြည်သူ့ဝန်ထမ်းအား အပြင်းအထန်နာကျင်စေမှု၊ ခုခံ ကာကွယ်မှု၊ ဟန့်တားနှောင့်ယှက် မှုနှင့် အားပေးကူညီမှုဖြင့် အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment