Sunday, June 30, 2019

ယှဉ်ပြိုင်မှုကော်မရှင်လာပါပြီ

စီးပွားရေးလုပ်ငန်းနယ်ပယ်များ အတွင်း အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့၊ အစုအဖွဲ့တစ်စုနှင့်တစ်စု သမားရိုးကျမဟုတ်သော ယှဉ်ပြိုင်မှုများ၊ တရားမဲ့ပြုကျင့်ခံရမှုနှင့် စီးပွားရေးခေါင်းပုံဖြတ် မသမာမှု များ စသည့်အကြောင်းအရာများ ကို သတင်းပေးတိုင်ကြားနိုင်မည့် ကော်မရှင်တစ်ခုပေါ်လာပါပြီ။ ၂၀၁၅ ၌ ပြည်ထောင်စုလွှတ် တော်က အတည်ပြုပြီးနောက် ၂၀၁၈ အောက်တိုဘာ ၃၁ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၁၀၆/၂၀၁၈)ဖြင့် မြန်မာနိုင်ငံ ယှဉ်ပြိုင် မှုကော်မရှင်ကို ဖွဲ့စည်းလိုက် ပြီး မိတ်ဆက်ရှင်းလင်းမှုများကို တာဝန်ရှိသူများက ရန်ကုန်နှင့် နေပြည်တော်၌ ယခုနှစ်ကစ၍ လိုက်လံပြုလုပ်နေသည်။ ဥပဒေအတည်ပြုအပြီး လေးနှစ်ကျော် အကြာတွင် ပြဋ္ဌာန်းချက်များကို စတင်အသက်သွင်းရန် ပြင်ဆင် လာခြင်းဖြစ်သည်။



ဘယ်သူတွေပါလဲ၊ ဘာကြောင့် ဖွဲ့တာလဲ

ကော်မရှင်ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဥက္ကဋ္ဌအ ဖြစ် ပါဝင်သည်။ စက်မှုဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန် ကြီးဌာနအောက်ရှိ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ပြည် ထောင်စုရှေ့နေချုပ်ရုံး စသည့် ဝန်ကြီးဌာနများမှ အဆင့်မြင့်အ ရာရှိကြီးများ အပါအဝင် ပြင်ပမှ ဥပဒေပညာရှင်များနှင့် စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ကလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။

ဈေးကွက်အတွင်း ရောင်း ဝယ်ဖောက်ကားရာ၌ လွတ်လပ် မျှတသော ယှဉ်ပြိုင်မှုများ ဖန်တီး ရန် လိုအပ်သကဲ့သို့ ဥပဒေပြဋ္ဌာန်း ချက်များနှင့် လျော်ညီမှု၊ ဖော် ဆောင်မှုမပြုပါက နစ်နာမှုမရှိစေ ရေး အကာအကွယ်ပေးနိုင်ရန် ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ် ကြောင်း ဥက္ကဋ္ဌတာဝန်ယူထား သည့် ဒေါက်တာသန်းမြင့်က ပြောသည်။

‘‘ယှဉ်ပြိုင်တဲ့နေရာမှာ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ယှဉ်ပြိုင်မှသာလျှင် အားလုံးအ တွက် အကျိုးရှိမှာ ဖြစ်ပါတယ်’’ ဟု နေပြည်တော်တွင် ဇွန်လ ၁၀ ရက်က ပြုလုပ်သည့် ကော်မရှင် မိတ်ဆက် အခမ်းအနား၌ ဒေါက် တာသန်းမြင့်က ပြောသည်။

အချို့သော စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းများသည် အသေးစားလုပ် ငန်းအဖွဲ့အစည်းများအပေါ် သမားရိုးကျ ယှဉ်ပြိုင်မှုမဟုတ်သော လက်ဝါးကြီးအုပ် ခြယ်လှယ် ဆောင်ရွက်မှုများ ရှိလာပါက လည်း ယှဉ်ပြိုင်မှုကော်မရှင်ထံ သတင်းပေးတိုင်ကြားနိုင်သည်။

‘‘ဆိုလိုတဲ့ သဘောကတော့ ယှဉ်ပြိုင်ခြင်းသက်သက်ကို ဒီ ဥပဒေက တားဆီးခြင်း၊ ပိတ်ပင် ခြင်းမရှိပါဘူး။ ဘယ်ဟာကိုမှ ကျွန်တော်တို့က တားမြစ်မလဲဆို ရင် ဈေးကွက်အတွင်းမှာ မတော်မတရား၊ မမှန်ကန်သောနည်း လမ်းများ၊ မသင့်လျော်သော နည်း လမ်းများ၊ တစ်နည်းအားဖြင့်ဆိုရင် အများပြည်သူကို အကျိုးယုတ်စေတဲ့ အချက်တွေပေါ်လာရင် ဒီဥပဒေက တားမြစ်မှာပဲဖြစ်ပါ တယ်’’ဟု ၎င်းက ဆိုသည်။



ဥပဒေမှာ ဘာတွေပါလဲ

ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၉)ဖြင့် ၂၀၁၅ ဖေဖော်ဝါရီ ၂၄ ရက်တွင် အတည်ပြုခဲ့သော ယှဉ်ပြိုင်မှုဥပဒေ၌ယှဉ် ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သော ဆောင်ရွက်ချက်၊ ယှဉ်ပြိုင်မှု တွင် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်း၊ တရားမျှတမှုမရှိ သော ယှဉ်ပြိုင်မှု၊ စီးပွားရေးလုပ် ငန်းများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ စီမံခန့်ခွဲရေး နည်းလမ်းများအရ အရေးယူခြင်း နှင့် ပြစ်မှု၊ ပြစ်ဒဏ်များဟူ၍ အ ခန်း (၁၃)ခန်း ပါဝင်သည်။

ယှဉ်ပြိုင်မှုဥပဒေအရ လုပ် ငန်းရှင်များအနေဖြင့် ယှဉ်ပြိုင် သည့်နေရာတွင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ယှဉ်ပြိုင်မှ သာ အားလုံးအကျိုးရှိမည်ဟု ကော်မရှင်ဥက္ကဋ္ဌက သတိပေး သည်။

‘‘မိမိတို့ရဲ့ အကျိုးစီးပွား၊ စား သုံးသူအကျိုးစီးပွား၊ ထုတ်လုပ်သူအကျိုးစီးပွားအတွက် လွတ်လွတ် လပ်လပ် ယှဉ်ပြိုင်ဖို့ လိုအပ်ပါ တယ်’’ဟု ဒေါက်တာသန်းမြင့်က ပြောသည်။

ယင်းဥပဒေတွင် ယှဉ်ပြိုင်မှုဆိုသည်ကို ဈေးကွက်အတွင်းစီးပွားရေး လုပ်ကိုင်သူများအ ကြား ဈေးကွက်ဝေစုနှင့် ဈေးကွက်လွှမ်းမိုးမှုတို့ကို အပြိုင်အဆိုင်ပြုလုပ်ရသည့် စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆို ထားသည်။

ထို့အပြင် ဈေးကွက်အတွင်း ၌ ယှဉ်ပြိုင်မှုကို လျော့နည်းစေရန် (သို့မဟုတ်) အတားအဆီးဖြစ်စေ ရန် လုပ်ဆောင်ခြင်း၊ ယှဉ်ပြိုင်မှု ကို ထိန်းချုပ်သည့် သဘောတူညီ ချက်များ၊ ဈေးကွက်အတွင်း လွှမ်း မိုးနိုင်မှု အခြေအနေအပေါ် အလွဲ သုံးစားပြုခြင်းနှင့် တစ်ဦးတစ် ယောက်ဖြစ်စေ၊ အစုအဖွဲ့ကဖြစ် စေ လက်ဝါးကြီးအုပ် ဆောင်ရွက် ခြင်းတို့သည် ယှဉ်ပြိုင်မှုကို ကန့် သတ်ထိန်းချုပ်သော ဆောင်ရွက် ချက်များအဖြစ် ဥပဒေ၌ သတ် မှတ်ထားသည်။

‘‘ယှဉ်ပြိုင်ခြင်းမှာ ကိုယ်ပဲ တိုးတက်ရမယ်၊ သူများတွေ မတိုးတက်ရဘူး၊ သူများတွေ မပြိုင်ရ ဘူးဆိုတဲ့ အရင်းအမြစ်တွေကို ချုပ်ချယ်ထားခြင်းဟာ ယှဉ်ပြိုင် ခြင်းအစစ်မဟုတ်ပါဘူး။ မတော် မတရားသော ယှဉ်ပြိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမမျှ တဲ့ ယှဉ်ပြိုင်မှုတွေကို ကာကွယ် ပေးခြင်းဟာလည်း ယှဉ်ပြိုင်မှုကို အားပေးတာဖြစ်ပါတယ်’’ဟု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဥပဒေ ပညာရှင် ဦးသန်းမောင်က ပြော သည်။

ကန့်သတ်မှာက ဘာတွေလဲ

ယှဉ်ပြိုင်မှုဥပဒေတွင် ယှဉ် ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များ ဈေးကွက် အတွင်း ပြုလုပ်ခြင်း၊ မိမိ၏ စီးပွား ရေးလုပ်ငန်းများအတွက် ဈေး ကွက်အတွင်း လွှမ်းမိုးထားနိုင် သည့် အခြေအနေပေါ်တွင် အခွင့် အရေးယူ အလွဲသုံးစားပြုခြင်း၊ ဈေးနှုန်းများအပေါ်၌ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဈေးနှုန်း ညှိနှိုင်းသတ်မှတ်ခြင်း၊ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုမှ ဈေးကွက်ကန့်သတ်ထိန်း ချုပ်ဆောင်ရွက်ခြင်း စသည့်ကိစ္စ ရပ်များကို တားမြစ်သည်။

ထို့အပြင် တင်ဒါ (သို့မဟုတ်)လေလံဆွဲရာတွင် ညှိနှိုင်းဆောင် ရွက်သတ်မှတ်ခြင်းများကိုလည်း ဥပဒေအရ တားမြစ်ကန့်သတ် ထားသည်ဟု ကော်မရှင်ဒုဥက္ကဋ္ဌ ဦးသန်းမောင်က ဆိုသည်။ ‘‘နည်း ပညာနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက် မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ကို ကန့်သတ် တဲ့၊ ထိန်းချုပ်တဲ့ ကိစ္စတွေကို လည်း တားမြစ်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

ယှဉ်ပြိုင်မှုဥပဒေ အခန်း (၈) တွင် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်ခြင်းဆိုသည့်အခန်း၌ တားမြစ်ချက် ငါးချက်ကို ထည့် သွင်းပြဋ္ဌာန်းထားသည်။

ယင်းတို့သည် ကုန်စည်ဝယ် ယူရောင်းချသည့် ဈေးနှုန်းနှင့် ဝန် ဆောင်မှုအတွက် အခကြေးငွေကို ထိန်းချုပ်ခြင်း၊ ဈေးနှုန်းထိန်းချုပ် ရန် ရည်ရွယ်ချက်ဖြင့် ကုန်စည် များ ဝယ်ယူရောင်းချရာတွင် မဖြစ်မနေဆောင်ရွက်ရမည့် စည်းကမ်း များကို တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း သတ်မှတ်ခြင်း၊ ဈေးကွက်ဝယ်လိုအား လျော့နည်းစေရေး အရည်အသွေးလျှော့ချရန် ကုန် စည်များကို ဖျက်ဆီးခြင်းနှင့် ပျက် စီးစေရန် ပြုလုပ်ခြင်း၊ ဈေးကွက် အတွင်း အခြားစီးပွားရေးလုပ် ကိုင်သူများ ဝင်ရောက်မလာနိုင် စေရေး နယ်မြေဧရိယာများ ကန့် သတ်မှုပြုခြင်းနှင့် အခြားသူများ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေ မှုများကို တရားမျှတမှုမရှိဘဲ ဝင် ရောက်စွက်ဖက်ခြင်းများ ပါဝင် သည်။

‘‘ယှဉ်ပြိုင်မှုကို ထိန်းချုပ်တဲ့ သဘောတူညီချက်ကို ကိုယ့်အ ချင်းချင်း လုပ်ထားခြင်းဟာလည်း ပိတ်ပင်တားဆီးတာဖြစ်ပါတယ်’’ ဟု ဦးသန်းမောင်က ဆက်လက်ပြောသည်။ ထို့အပြင် ဈေးကွက်အ တွင်း ရောင်းချရမည့် ပေါက်ဈေး ထက် လျှော့ရောင်းချခြင်းကို လည်း ဥပဒေအရ တားမြစ်ထား ပြီး ‘‘ဈေးသက်သာတော့ ပို မကောင်းဘူးလားဆိုတော့ မရပါ ဘူး’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။

အကာအကွယ်ရမှာက ဘာတွေလဲ

 ယင်းအချက်များသည် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ အတွက်သာမက ပြည်ပမှ လာ ရောက်ရင်းနှီးမြှုပ်နှံမည့်သူများအ တွက်လည်း အကျုံးဝင်သဖြင့် ဈေးကွက်အနိုင်ကျင့်ခံရမှုများ မရှိစေရေး ထည့်သွင်းရေးဆွဲထားခြင်း ဖြစ်သည်ဟု ဦးသန်းမောင်က ပြောသည်။

ယှဉ်ပြိုင်မှုဥပဒေသည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးလုပ်ငန်းများ တွင်၊ တရားသဖြင့် ယှဉ်ပြိုင်ခြင်း ကို ပျက်ပြားစေရန် တစ်ဦးတစ် ယောက်ကဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင် ရွက်မှု (သို့မဟုတ်) ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေ ခြင်းမှ တားဆီးကာကွယ်ရန်၊ ပြည်တွင်း၊ ပြည်ပ ကုန်သွယ်ရေး နှင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် မျှတမှုမရှိသော ဈေး ကွက်ပြိုင်ဆိုင်မှုကို ထိန်းချုပ်ရန်၊ ဈေးကွက်အပေါ် ထိန်းချုပ်နိုင်စွမ်း ကို အလွဲသုံးစားပြုခြင်းမှ တားဆီး နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အကြား ကန့်သတ်ထားရှိသော သဘောတူညီချက်နှင့် အစီအမံ များကို ထိန်းချုပ်ရန်ဟူသည့် ရည် ရွယ်ချက်လေးခုဖြင့် ဆောင်ရွက် မည်ဖြစ်သည်။

‘‘ယှဉ်ပြိုင်မှုကော်မရှင်က ဖွဲ့စည်းရုံနဲ့ မပြီးသေးပါဘူး။ ပြည် သူလူထုက ယုံကြည်အားကိုးနိုင် တဲ့၊ တောင့်တင်းခိုင်မာတဲ့၊ စွမ်း ဆောင်ရည်မြှင့်တဲ့ ကော်မရှင်ဖြစ် ဖို့ လိုအပ်ပါတယ်’’ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

ယှဉ်ပြိုင်မှုရှိမှသာ ကုန်စည် ဝန်ဆောင်မှု အသစ်အဆန်းများ တီထွင်မှုများ ပေါ်ပေါက်လာမည် ဖြစ်သဖြင့် တရားမျှတသော ယှဉ် ပြိုင်မှုများအပေါ် ဥပဒေအရ တား ဆီးပိတ်ပင်မည်မဟုတ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် ယှဉ်ပြိုင်မှုဥပဒေကို လေးစား လိုက်နာရန်နှင့် တရားမျှတသော ယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ် စေမည့် အခြေအနေမဖြစ်စေရေး ကိုလည်း ကော်မရှင်အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ က ဆိုသည်။

No comments:

Post a Comment