Sunday, June 30, 2019

ဖန်တီးစီမံထားသော အစားအစာများ စားခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကျန်းမာရေးထိခိုက်နိုင်

တာရှည်ခံအောင်၊ အရသာပိုကောင်းအောင် ဖန်တီးစီမံထားသည့်အစားအစာများစားခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသားတွင် ပုံမှန်ဉာဏ်ရည်ဖွံ့ဖြိုးမှုမရှိသည့်ရောဂါ ဖြစ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်ကဖော်ပြသည်။ေ အ်ာလန်ဒိုမြို့ရှိ ဗဟိုဖလော်ရီဒါတက္ကသိုလ်ဆေးကောလိပ် မှ သုတေသီများ၏ လေ့လာမှုအတွင်းဖန်တီးစီမံထားသည့်အစားအ စာများတွင် တာရှည်ခံအောင်သုံးသည့် Propionic ဟုခေါ်သော အက်စစ်ဓာတ်မြင့်မားစွာပါဝင်ပြီး သန္ဓေသားဦးနှောက်တွင် အာရုံ ကြောစနစ်ဖွံ့ဖြိုးမှုကို အပြောင်းအလဲဖြစ်စေကြောင်း လေ့လာတွေ့ ရှိခဲ့သည်။



မိခင်လောင်းဘ၀တွင် ယင်းအက်စစ်ဓာတ်နှင့်ထိတွေ့မှုက ကလေးများတွင် ယင်းဉာဏ်ရည်မမီရောဂါဖြစ်ပွားမှုကနဦး လက္ခ ဏာများဖြစ်နိုင်ကြောင်း သုတေသီများကပြောသည်။ ယင်းလေ့လာ မှုကို ဇွန်လ ၁၉ ရက်က Scientific Reports ဂျာနယ်တွင် ဖော်ပြ ထားသည်။

ပုံမှန်ဉာဏ်ရည်ဖံွံ့ဖြိုးမှုမရှိသောရောဂါရှိသည့်ကလေးများ သည် အူလမ်းကြောင်းရောဂါ မကြာခဏဖြစ်ပွားကြောင်း သုတေ သီများကပြောသည်။ အစာချေဖျက်မှုစနစ်ပြဿနာများရှိခြင်းနှင့် ယင်းဉာဏ်ရည်မမီသောရောဂါရှိသည့်ကလေးများ၏ နမူနာမစင် များ၌ Propionic အက်စစ်ပမာဏမြင့်မားခြင်းကြား ဆက်စပ်မှုရှိ ကြောင်း သုတေသီများကပြောသည်။

မြင့်မားသော ယင်းအက်စစ်ဓာတ်ပမာဏနှင့် သန္ဓေသား၏ အာရုံကြောစနစ်တို့ထိတွေ့မှုက ဦးနှောက်ဆဲလ်များကြား သဘာဝ ဟန်ချက်ညီမှုကို အနှောင့်အယှက်ဖြစ်စေပြီး အာရုံကြောစနစ်၏ အဓိကအစိတ်အပိုင်းများဖြစ်သောဆဲလ်များကို လျော့ကျစေသည်။

ယင်းအခြေအနေများမှတစ်ဆင့် ဦးနှောက်၏ဆက်သွယ်နိုင် စွမ်းကို အနှောင့်အယှက်ဖြစ်စေကာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်း သည့်ကလေးများတွင် မကြာခဏတွေ့ရလေ့ရှိသော အပြုအမူများ ဖြစ်သည့် လှုပ်ရှားသွားလာခြင်းဆိုင်ရာပြဿနာများ၊ အခြားလူများ နှင့် အပြန်အလှန်ဆက်သွယ်နိုင်မှုမရှိခြင်းတို့ဖြစ်လာစေကြောင်း သုတေသီများကပြောသည်။

ယခင်လေ့လာမှုများတွင် ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းခြင်းနှင့် ပတ်ဝန်းကျင်၊ မျိုးဗီဇများ ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။

သို့သော် ယခုလေ့လာမှုက Propionic အက်စစ်ပမာဏများ ခြင်းနှင့်အာရုံကြောစနစ် လုပ်ဆောင်ချက်အနှောင့်အယှက်ဖြစ် ခြင်းကြားဆက်စပ်ကြောင်း ပထမဆုံးဖော်ပြသောလေ့လာမှုဖြစ် သည်ဟု သုတေသီများကပြောသည်။

No comments:

Post a Comment