Sunday, June 30, 2019

တိုင်းရင်းသားမဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး NBF တိုက်တွန်း

လက်ရှိ စစ်ရေးပဋိပက္ခ နှင့် အခြားအကြောင်းများကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိ သော တိုင်းရင်းသား မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၀ ကျော်က ပူးတွဲ ကြေညာချက် ထုတ်ပြန်တိုက် တွန်းသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၁ ခု ပါဝင်ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၏ ပုံမှန် အစည်းအဝေးကို ရန်ကုန်တွင် နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် မဟာမိတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် ယင်းသို့ တိုက်တွန်း ခြင်းဖြစ်ကြောင်း အရှိုချင်းအမျိုးသားပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။



‘‘ပထမဦးဆုံးကတော့ ရခိုင် က တင်ပြတယ်ဗျ။ ရခိုင်က အခု အကြီးအကျယ် ပဋိပက္ခတွေ ဖြစ် နေကြတယ်လေ။ စစ်ဘေးလည်း ရှောင်နေကြရတာရှိတယ်။ ဆို တော့ အဲဒီနေရာတွေမှာ ရွေး ကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် တိုင်းရင်းသားပါတီတွေက နည်း နည်း အထိနာမယ့်သဘောမျိုး ပေါ့။ နောက်တစ်ခုက ကျွန်တော် တို့ ကရင်ပြည်နယ်မှာက ဘာပဋိ ပက္ခမှ မရှိတော့တဲ့ နေရာမှာ လည်း ရွေးကောက်ပွဲမလုပ်ခဲ့ဘူး။ ဥပမာ ကြာအင်းဆိပ်ကြီးတို့ ဘာ တို့ပေါ့။ ဒါကြောင့် ကျွန်တော်တို့ အရင်ကလည်း ကြေညာဖူးပါ တယ်။ ပဋိပက္ခဖြစ်တာရော၊ မဖြစ်တာရော ဘာပဲဖြစ်ဖြစ် ကျွန်တော် တို့ကို မဲပေးပိုင်ခွင့်ရှိသူတွေအနေ နဲ့က မဲပေးခွင့်ရအောင်၊ သူတို့ အတွက် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးဖို့လိုတဲ့ အကြောင်းပေါ့နော်’’ဟု ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးမန်း အောင်ပြည်စိုးက ရှင်းပြသည်။

၂၀၂၀ ရွေးကောက်ပွဲမတိုင် မီ နိုင်ငံရေးပါတီစုံနှင့် ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်တို့ အ ပြန်အလှန်တွေ့ဆုံဆွေးနွေးနိုင် ရန်လည်း NBF အဖွဲ့ဝင်ပါတီများ က တိုက်တွန်းသည်။ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တွေ့ဆုံနိုင်ပါက လာမည့် ရွေး ကောက်ပွဲဆိုင်ရာ သဘောထား အချို့ကို တင်ပြရန်ရှိကြောင်း NBF ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

‘‘အခု ရွေးကောက်ပွဲကော် မရှင်က လေးနှစ်ပြည့်တော့မယ်။ လေးချိန်တောင်မှ တွေ့ဖြစ်ရဲ့ လားလို့။ အရင် ဦးတင်အေး တာဝန်ယူတုန်းက သုံးလတစ် ကြိမ်လောက် တွေ့ဖြစ်တယ်ဗျ။ တွေ့ဖြစ်ရင် ကျွန်တော်တို့က ကိုယ့်ဘက်အခက်အခဲတွေ တင် ပြနိုင်တာပေါ့။ အခု ဒီကော်မရှင် ကျတော့ ပါတီတွေနဲ့ အတော် လေးကို တွေ့ထိမှုက နည်းပါ တယ်’’ဟု ဦးမန်းအောင်ပြည်စိုးက ပြောသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ရွေးချယ်တင်မြှောက်ရာ၌ သက်ဆိုင်ရာ တိုင်း ရင်းသား နိုင်ငံရေးပါတီများကို သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသင့် ကြောင်း ဇွန်လ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့် NBF  ကြေညာ ချက်တွင် ဖော်ပြသည်။ NBF တွင် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ၊ လက်ရှိတွင် ပေါင်း စည်းရေးဆောင်ရွက်နေသည့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် စသည့်တိုင်းရင်းသားပါတီ များ ပါဝင်နေသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲအတွက် ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင်က ထုတ်ပြန်သည့် အစီရင် ခံစာတွင် တရားမျှတသော ရွေး ကောက်ပွဲကျင်းပရန် အခြေအနေ မရှိသည့် နေရာများကို ထည့်သွင်း ဖော်ပြပြီး ကချင်ပြည်နယ်ရှိ မြို့ နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့ နယ်ခုနစ်ခု၊ ပဲခူးတိုင်းရှိ မြို့နယ် နှစ်ခု၊ မွန်ပြည်နယ်ရှိ မြို့နယ်တစ် ခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၇ ခုတို့၌ ရွေးကောက်ပွဲမကျင်းပနိုင် ခဲ့ကြောင်း ဖော်ပြထားသည်။ လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မကျင်းပနိုင် သည့် မဲဆန္ဒနယ်နှင့် မဲပေးခွင့်ဆုံး ရှုံးသည့် လူပုဂ္ဂိုလ်မရှိစေရေး ဆောင်ရွက်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြော ကြားထားသည်။

No comments:

Post a Comment