Sunday, June 30, 2019

မတူပီမြို့ပြင်တွင် ခရိုင်ရုံးဆောက်မည့်ကိစ္စ ချင်းတိုင်းရင်းသားအချို့ ရန်ကုန်သို့ လာရောက် ဆန္ဒထုတ်ဖော်

Image may contain: 10 people, people standing and outdoorမတူပီမြို့နှင့် ရှစ်မိုင်ခန့်ဝေးသောနေရာတွင် ခရိုင်ရုံးတည်ဆောက်မည့် ကိစ္စကို ချင်းပြည်နယ်အတွင်း သုံးကြိမ် ဆန္ဒထုတ်ဖော်ခဲ့သော်လည်း မထူး ခြားသဖြင့် ရန်ကုန်မြို့၌ လာ ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ ဇွန် ၂၈ ရက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ချင်းတိုင်းရင်းသား ၁ဝဝ ခန့်က တရား ဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ”ကျွန်တော် တို့မြို့ထဲမှာ နေ ရာရှိနေရဲ့သားနဲ့ မြို့ကနေ ရှစ်မိုင် လောက်ဝေးတဲ့နေရာမှာ ခရိုင်ရုံးဖွင့်ဖို့လုပ်တာကြောင့် ကန့်ကွက်ခဲ့ ပါတယ်။ မတူပီမှာ သုံးကြိမ်ဆန္ဒပြ ခဲ့ပေမယ့် ဘာမှမထူးခြားလို့ နိုင်ငံ တော်အစိုးရသိအောင် သတင်းမီ ဒီယာတွေအများကြီးရှိတဲ့ ရန်ကုန် ထိဆန္ဒလာပြတာပါ ”ဟု ဆန္ဒပြ ပွဲဦးဆောင်သူ ဦးဒုဆန်ကပြောသည်။


မတူပီခရိုင်ရုံးကို မြို့နှင့် ရှစ်မိုင်ဝေးကွာသည့် နေရာတွင်ထားရှိပါက ရုံးလုပ်ငန်းဆောင်ရွက်မည့် ပြည်သူများအနေဖြင့် အခက်အခဲများ စွာကြုံတွေ့ရမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာ တွင်ပါဝင်ခဲ့သည့် မတူပီမြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထိပ်မင်းကပြောသည်။

”ကျွန်တော်တို့တောင်ပေါ်မြို့ တွေဆိုတာက ရှစ်မိုင်လောက်ဝေးရင် မြေပြန့်က မိုင် ၅ဝ လောက်နဲ့ညီပါတယ်။ အဲဒီနေရာမှာ ရုံး လုပ်ရင် ပြည်သူတွေက နေ့တစ် ဝက်လောက်သွားရမှာ”ဟု ၎င်းင်းက ဆိုသည်။

ခရိုင်ရုံးတည်ဆောက်ရေးအတွက် မြို့လူထုကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရတာဝန်ရှိသူများ တွေ့ ဆုံ ညှိနှိုင်းစဉ်က မြို့ပြင်တွင် တည်ဆောက်ရန် သဘောတူညီမှု မရှိဘဲ ပညာရှင်များ၏ အကြံပြု ချက်ကြောင့်ဟုဆိုကာ မြို့ပြင်၌ တည်ဆောက်ရန်စီစဉ်ခြင်းဖြစ် ကြောင်း ဆန္ဒထုတ်ဖော်သူများက ပြောသည်။

”ကျွန်တော်တို့ကခုမှ ခရိုင်မြို့အဖြစ်တိုးမြင့်ရရှိခဲ့တာပါ၊ အခု မြို့အုပ်ချုပ်ရေးမှူးရုံးနေရာဆိုတာလည်း ခရိုင်ရုံးလုပ်ဖို့မြေနေရာ လုံလုံလောက်လောက်ရှိပါတယ်။ မြေမရှိဘူးလို့ သူတို့ပြောနေတာ မဟုတ်ပါဘူး”ဟု ဦးဒုဆန်ကပြောသည်။

မတူပီခရိုင်ရုံးကို မြို့နယ် စည်ပင်နယ်နိမိတ်အတွင်းဆောင်ရွက်ပေးရေး၊ ချင်းပြည်နယ်အတွင်း ဒီမိုကရေစီအုပ်ချုပ်မှုကျင့်သုံးပေး ရေး၊ ချင်းပြည်နယ်အတွင်း ဗျူရိုကရက်အုပ်ချုပ်မှုစနစ်အလိုမရှိ။ ချင်းပြည်နယ်အတွင်း ခွဲခြားအုပ်ချုပ်မှုစနစ် အလိုမရှိစသည့် ကြွေးကြော်သံများအား ဆန္ဒထုတ်ဖော်သူများက ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment