Sunday, June 30, 2019

ဟမ်းမဲလ် ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့

 ဘိုင်ယန်နောက်ခံလူ မက်စ်ဟမ်းမဲလ် ဒေါ့မွန်သို့ ပြန် လည်ရောက်ရှိလာသည်ဟု ဒေါ့ မွန်အသင်းက အတည်ပြုသည်။ ဟမ်းမဲလ်ကို ပြန်လည်ခေါ် ယူရေး ယခုလစောစောပိုင်းတွင် ဘိုင်ယန်နှင့် သဘောတူညီမှုရရှိ ကာ ဆေးစစ်ခြင်းအောင်မြင်ပြီး နောက် ဒေါ့မွန်က ၎င်းတို့၏ကစား သမားဟောင်းကို ဇွန်လ ၂၉ ရက် က စာချုပ်ချုပ်ခဲ့သည်။ ယမန်နှစ်က ရာသီချိန်အ များစုကို ဦးဆောင်ပြီးမှ ဘွန် ဒက်စ်လီဂါဒုတိယဖြင့်သာ ကျေ နပ်ခဲ့ရသော ဒေါ့မွန်က နောက် တန်းလူ ပြောင်းရွှေ့ကြေးကိုထုတ် မပြောပေ။ စာချုပ်သက်တမ်းကို လည်း မပြောပေ။



သို့သော် ဘိုင်ယန်တွင် သုံး နှစ်ကြာမြင့်ခဲ့သော ဟမ်းမဲလ်အ တွက် ဒေါ့မွန်က ယူရို ၃၈ သန်း ပေးချေခဲ့သည်ဟု သတင်းများက ဖော်ပြသည်။

ဟမ်းမဲလ်သည် ၂၀၁၉-၂၀ ရာသီအတွက် ဒေါ့မွန်သို့ နောက် ဆုံးရောက်လာသော ကစားသ မားဖြစ်ကာ နည်းပြလူစီယန်ဖာဗာ ၏အသင်းတွင် သော်ဂန်ဟာဇက်၊ နီကိုရှုလ်ဇ်၊ ဂျူလီယန်ဘရန့်တို့ နှင့် ပေါင်းစည်းမည်ဖြစ်သည်။

ဒေါ့မွန်သည် သြဂုတ်တွင် ဘိုင်ယန်နှင့် DFB စူပါဖလား က စားရမည်ဖြစ်ကာ အော့စဘာ့ဂ်၌ ၂၀၁၉-၂၀ ရာသီအဖွင့်ပွဲ ကစား မည်ဖြစ်သည်။

No comments:

Post a Comment