Sunday, June 30, 2019

မြန်မာအမျိုးသမီးဘောလုံးအသင်း တရုတ်ခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားရန် စီစဉ်

 မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည်အာဆီယံ ပြိုင်ပွဲအကြိုသွား ရောက်မည့် တရုတ်ခရီးစဉ်တွင် ခြေစမ်းပွဲ သုံးပွဲကစားရန် စီစဉ်ထားကြောင်း အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောသည်။ြ မန်မာအမျိုးသမီးအသင်း သည် အဆိုပါ ခြေစမ်းခရီးစဉ်ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၄ ရက် အထိ ၁၀ ရက်ကြာ သွားရောက်မည် ဖြစ်သည်။ ယင်းခြေစမ်းခရီးစဉ်တွင် မြန်မာအမျိုးသမီး အသင်းသည် တရုတ်အမျိုးသမီးလိဂ် ပထမတန်းကလပ် ဘေဂျင်း ဘန်ကောင်းအသင်း၊ ဒုတိယတန်းကလပ် ဟေဘီအသင်း၊ ဘေဂျင်းတက္ကသိုလ်အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။



‘‘တရုတ်ခရီးစဉ်မှာ တရုတ်လက်ရွေးစင်အသင်းနဲ့ ကစားဖို့ တောင်းဆိုထားပေမယ့် သူတို့ဘက်က တခြားပြိုင်ပွဲ ရှိနေတဲ့အ တွက် မကစားဖြစ်ပါဘူး။ လက်ရှိတော့ သူတို့ဆီက ကလပ်အသင်း တွေနဲ့ ကစားဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ သူတို့က ဖွံ့ဖြိုးပြီး နိုင်ငံကအသင်းတွေ ဖြစ်တဲ့အတွက် ခြေစမ်းခွင့် ရတာက အသင်းအတွက် အကျိုးရှိစေမှာပါ’’ဟု ဦးဝင်းသူမိုးက ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အ ဖြစ် ဦးဝင်းသူမိုးက တာဝန်ယူ ဆောင်ရွက်နေပြီး ဇူလိုင်ဒုတိယ

ပတ်က စတင်ကာ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့်ပြင်ဆင် နေသည်။ လက်ရှိတွင် မြန်မာအမျိုးသမီးအသင်းသည် အာဆီယံပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် မော်လမြိုင်မြို့၌ ခြေစမ်းပွဲများ ယှဉ်ပြိုင်နေသည်။ ယခုနှစ် အာဆီယံအမျိုးသ မီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်မှ ၂၇ ရက်အထိထိုင်းနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား အသင်းတို့နှင့် အတူကျရောက်နေသည်။

No comments:

Post a Comment