Sunday, June 30, 2019

မြန်မာ- အမေရိကန် ပူးပေါင်းရိုက်ကူးသည့် ‘မေတ္တာ’ ဇာတ်ကား မြန်မာနိုင်ငံတွင် စတင်ရိုက်ကူး

မန္တလေးရုပ်ရှင်ထုတ်လုပ် ရေးကစီစဉ်ပြီး ပထမဆုံးအဖြစ် မြန်မာ-အမေရိကန် ပူးပေါင်း ရိုက်ကူးသည့် ‘မေတ္တာ’ ရုပ်ရှင် ဇာတ်ကားကို မြန်မာနိုင်ငံ၌ ဇွန်လ ၃၀ ရက်ကစတင်၍ ၁၁ ရက်ကြာ ရိုက်ကူးမည်ဖြစ်သည်။
ယင်းဇာတ်ကားကို အမေရိ ကန်ဒါရိုက်တာ Graham Streeter နှင့် ဒါရိုက်တာဒေါ်ဆွေ ဇင်ထိုက်တို့ ပူးပေါင်းရိုက်ကူးမည် ဖြစ်သည်။


‘‘ဒီဇာတ်ကားကို ရိုက်ဖို့အ တွက် စီစဉ်တာ လေးနှစ်ရှိပါပြီ။ ၈၀ ရာခိုင်နှုန်းက ဆန်ဖရန်စစ္စကို ဘက်မှာ ရိုက်ခဲ့ပြီးပါပြီ။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ရန်ကုန်ဘက်မှာ ရိုက်ကူးမှာဖြစ်ပါတယ်။ လိုကေး ရှင်းက၊ တကယ့်ဇာတ်လမ်းက သန်လျင်ဘက်မှာ ခရစ်ယာန်မိဘ မဲ့ကျောင်းရှိတယ်။ အဲဒီမှာ ရိုက် ပါမယ်။ ကျန်တဲ့ မန္တလေးတို့၊ ပုဂံ တို့၊ တောင်ငူတို့ကတော့ မြန်မာ့ အလှအပတွေပါအောင် ရိုက်ပေး ချင်တယ်လို့ ဒါရိုက်တာက ပြော လို့ သွားရမှာပါ’’ ဟု တွဲဖက်ဒါရိုက် တာအဖြစ် ရိုက်ကူးမည့် ဒေါ်ဆွေ ဇင်ထိုက်က ပြောသည်။

ယင်းဇာတ်ကားတွင် သရုပ် ဆောင်များအဖြစ် လူမင်း၊ ထွန်း အိန္ဒြာဗို၊ Gin Mung နှင့်အခြား သရုပ်ဆောင်များစွာ ပါဝင်မည် ဖြစ်သည်။

‘‘မြန်မာပြည်မှာရှိနေတဲ့၊ မိဘမဲ့ကျောင်းမှာ စာသင်နေတဲ့ ကျောင်းသားလေးတစ်ယောက် DV (အမေရိကန်ဗီဇာ DV ကံစမ်း မဲ) ပေါက်လို့ အမေရိကန်နိုင်ငံ ရောက်သွားတယ်။ ဟိုမှာရုန်းကန် လှုပ်ရှားပြီးတော့ နောက်သူ့ရဲ့အ မေရိကန်နိုင်ငံက သူ့ကျောင်းဆီ ကို ပြန်လာတာပေါ့။ ဇာတ်လမ်း က သိပ်ရှင်းပါတယ်။ သိပ်ပြီး တော့ ရှုပ်ရှုပ်ထွေးထွေးမရှိဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ကတော့ မြန်မာပြည်က ကားတွေကြည့်ရ တော့ တစ်ယောက်နဲ့တစ်ယောက် ကလဲ့စားချေတာတွေ၊ တစ် ယောက်နဲ့တစ်ယောက်သတ်ဖြတ် တာတွေ။ ပါးစပ်တွေနဲ့ပဲပြောရရ၊ လက်နက်တွေနဲ့ပဲ လုပ်ရလုပ်ရ အဲဒီလိုဖြစ်နေတဲ့အချိန်အတွင်း မှာ မြန်မာဟာ မေတ္တာတရားရှိတဲ့ နိုင်ငံပါဆိုတာလည်း ပြချင်တဲ့အ တွက်ကြောင့် ဇာတ်လမ်းကို ကြိုက်သွားတာပေါ့’’ ဟု​ ၎င်းက ပြောသည်။ ယင်းဇာတ်ကားအတွက် အ မေရိကန်ရှိ ဇာတ်ဝင်ခန်းများကို ဆန်ဖရန်စစ္စကိုမြို့ Bay Area တွင် ၂၀၁၉ မတ်လ ၁၆ ရက်က ရိုက်ကူးပြီးစီးခဲ့သည်။

No comments:

Post a Comment