Sunday, June 30, 2019

ပြည်နယ် ၁၉ ခုမှာ ငမြှောင်တောင်ပိုး ကျနေကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်

တရုတ်နိုင်ငံ ပြည်နယ် ၁၉ ခုတွင်းရှိ လယ်မြေစိုက်ခင်း ဟက်တာ ၃၃၃,၀၀၀ ခန့်မှာ ငမြှောင်တောင်ပိုး ကျရောက်နေကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ ငမြှောင်တောင်ပိုးကျပါက ညတွင်းချင်း စိုက်ခင်းဧက ရာနဲ့ချီ ပျက်စီးနိုင်တဲ့အတွက် ၄င်းပိုးဟာ နိုင်ငံ့စားနပ်ရိက္ခာလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာဖူးပါတယ်။



၂၀၁၉ ဇွန်လဆန်းတုန်းက နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာ စတင်ကျရောက်ခဲ့တဲ့ အဖျက်ပိုးဟာ မေလဆန်းမှာတော့ ကီလိုမီတာ ၂,၅၀၀ ကျော်ဝေးတဲ့ ဟဲနန်ပြည်နယ် အချို့ဒေသ တွေသို့ ရောက်ရှိပျံ့ပွားနေပြီ ဖြစ်ပါတယ်။

ယခုမှာတော့ ငမြှောင်တောင်ပိုးကို ကာကွယ်ရန်နဲ့ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်ကြောင်းလည်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားထားသေးပါတယ်။

၎င်းအဖျက်ပိုးဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြောင်းပင်စိုက်ပျိုးရာဒေသတွေဆီသို့ ဇွန် သို့မဟုတ် ဇူလိုင်အတွင်းမှာ ရောက်ရှိလာလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

No comments:

Post a Comment