Sunday, June 30, 2019

မန်ယူက မားကပ်စ်ရက်ရှ်ဖို့ဒ် တပတ် ပေါင် ၂ သိန်းဖြင့် နှစ်ရှည်စာချုပ် ချုပ်တော့မည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၂၁ နှစ်အရွယ် လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှဖို့ဒ်ကို တပတ်လုပ်ခ ပေါင် ၂ သိန်းတိုးပေးပြီး နှစ်ရှည်စာချုပ်ချုပ်မယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ရက်ရှ်ဖို့ဒ်ဟာ နည်ပြဆိုးလ်ရှားနဲ့အတူ ဆက်ပြီး လက်တွဲသွားဖို့ လိုလားနေပြီး ရာသီကြိုခြေစမ်းပွဲတွေပြီးလို့ ပြန်လည်ရောက်ရှိချိန်မှာ စာချုပ်သစ်ချုပ်မယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဟာ အသက် ၂၁ အရွယ်သာ ရှိသေးပေမယ့် ယူနိုက်တက်အတွက် အားထားရတဲ့ တိုက်စစ်မှူးဖြစ်တာကြောင့် ဘာစီလိုနာအသင်းဆီ မရောက်ရှိဖို့ အခုလို လစာတိုးမြှင့်ပေးခဲ့တာ လည်းဖြစ်ပါတယ်။



ဒါ့အပြင် အင်တာမီလန်အသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတဲ့ တိုက်စစ်မှူး လူကာကူရဲ့နေရာကို ဖြည့်တင်းနိုင်ဖို့ ရက်ရှ်ဖို့ကို ဆက်လက်ထိန်းသိမ်း လိုနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်ရာသီအတွက် ဆွမ်ဆီးက ဒန်နီရယ်ဂျိမ်းစ်၊ ပဲလေစ့်က အာရွန်ဘစ်ဆာခါတို့ကို ခေါ်ယူထားပါတယ်။

ဒ့ါအပြင် နောက်ဆက်တွဲသတင်းတွေအရ အာဆင်နယ်ဂိုးသွင်းစက် အော်ဘာမီယန်ကို ခေါ်ယူဖို ပြင်ဆင်နေတယ်လို့ သိရပြီး ကစားသမားဘက်ကလည်း မီးစိမ်းပြထားတာကြောင့် မကြာခင်မှာ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

No comments:

Post a Comment