Sunday, June 30, 2019

ဦးဝီရသူကို အရပ်ဘက်တရားရုံး ဆုံးဖြတ်ပြီးပါက ဓမ္မစက်ဖြင့် ထပ်မံ အရေးယူမည်ဟုဆို

 ဦးဝီရသူအပေါ် အရပ်ဘက်တရားရုံးက မည်ကဲ့သို့ ဆုံးဖြတ်ချက်ချသည်ဖြစ်စေ သံဃနာယကအဖွဲ့က ဓမ္မစက်ဖြင့် ဆက် လက် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြား သည်။ ‘‘အရပ်ဘက်ပြစ်မှုတွေနဲ့ ကိစ္စတွေမှာ အရပ်ဘက်တရားရုံး ကနေ သတ်မှတ်တဲ့ ဥပဒေနဲ့စွဲချက် တွေက အရင်အရေးယူရပါတယ် ယူပြီးမှ ဓမ္မစက်က ဆက်လုပ်ပါ မယ်။ အရပ်ဘက်တရားရုံးက စွဲချက်တင်၊ အပြစ်ကိုစီရင်မယ်။ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဓမ္မစက်က ဆက်ပြီး အရေးယူရမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးသူရ ဦးအောင်ကိုက 7Day Daily သတင်းစာအား ယမန်နေ့က ပြော သည်။



အရပ်ဘက်   တရားရုံးက တရားစွဲဆိုထားသော ဦးဝီရသူကို ဓမ္မစက်ဖြင့် ဆက်လက်အရေး ယူရန် ဇွန်လ ၁၉ ရက်တွင် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)က ပြုလုပ်သည့်အစည်းအဝေးသို့ စာပို့ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘သူပြောတာတော့ ရှိတာပေါ့လေ။ ဓမ္မစက်နဲ့ အာဏာစက် ရှိတဲ့အခါမှာ ရဟန်းတစ်ပါးဖြစ် လို့ ဓမ္မစက်နဲ့ အရေးယူခံပြီးမှ အာဏာစက်နဲ့ အရေးယူခံမယ်။ ဒါကြောင့်မို့ သူက ရှောင်တိမ်း နေတာလို့ ပြောပါတယ်။ တကယ် တော့ ဓမ္မစက်နဲ့ အာဏာစက် မှာ ဓမ္မစက်ကပဲ စပြီးမှ အရေးယူ ချင်ယူ၊ အာဏာစက်ကပဲစ အရေးယူချင်ယူ။ ဒါတော့ နှစ်ခုစလုံးယူ ရမှာဖြစ်ပါတယ်’’ဟု ဝန်ကြီးသူရ ဦးအောင်ကိုက ပြောသည်။

ဦးဝီရသူအပေါ် တရားရုံးက စစ်ဆေးဆုံးဖြတ်ပြီးမှ သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနက ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သော ရဟန်း၊ သာမဏေများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဝိနည်းတရားတော်ဖြင့် အရေးယူခြင်း ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားလွှာ အမှတ် (၁၅) တွင် ညွှန်ကြားထား သည့်အတိုင်း စစ်ဆေးဆုံးဖြတ်ရ မည်ဖြစ်ကြောင်း ထုတ်ပြန်ချက် က ဆိုသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ တစ်စုံ တစ်ရာ ကျူးလွန်သော ရဟန်း သာမဏေများကို ရှေးဦးစွာ ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မအရ အပြစ် ဒဏ်ချမှတ်ခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ပြည်သူ့တရား ရုံး ဆုံးဖြတ်ချက်ကို ရရှိပြီးမှသာ လျှင် သက်ဆိုင်ရာ သံဃနာယက အဖွဲ့က ဝိနည်းတရားတော်နှင့်အ ညီ လိုအပ်သလို စစ်ဆေးဆုံးဖြတ် ရမည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတော်က တရားလိုပြုလုပ်စွဲဆိုရမည့် ဥပဒေ ပုဒ်မတစ်ခုခုနှင့် သက်ဆိုင်နေပါ က တရားရုံးများ၌ စစ်ဆေးဆုံး ဖြတ်ဆောင်ရွက်မှု ပြီးပြတ်မှသာ ဤလုပ်ထုံးလုပ်နည်းအရ ဖွဲ့စည်း သည့် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ် ဆေးဆုံးဖြတ်ရမည်ဟု ထုတ်ပြန် သည်။ ဆရာတော်ကြီးများ၏ ဓမ္မ စက်ဖြင့် အရေးယူခြင်းကိုသာ ခံ ယူမည်ဖြစ်ပြီး ဆရာတော်ကြီး များ၏ ဓမ္မစက်ကိုကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့်အရေး ယူမှုကိုမျှ ဆရာတော်ကြီးများ၏ ရှေ့မှောက်၌ လက်ခံမည်မဟုတ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ထံ ဦးဝီရသူက မေလ ၃၁ ရက်စွဲဖြင့် လျှောက် ထားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ အဆိုပါလျှောက် ထားစာကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဇွန်လ ၁၁ ရက်တွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့သို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆရာတော်ကြီး များ ထပ်မံအကြောင်းကြား၍ လာ သည့်အခါ၌ ဆရာတော်ကြီးများ ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကို သာ လက်ခံမည်ဖြစ်ပြီး ဆရာ တော်ကြီးများ၏ ဓမ္မစက်ကိုကျော် လွန်၍ အာဏာစက်ဖြင့် မည်သည့် အရေးယူမှုကိုမျှ ဆရာတော်ကြီး များ ရှေ့မှောက်တွင်  လက်ခံမည် မဟုတ်ကြောင်း ဦးဝီရသူက ဆို သည်။

လက်ရှိတွင် ဦးဝီရသူအမှု ကို တရားရုံးက မျက်ကွယ်တွင် စစ်ဆေးနေပြီဖြစ်သည်။ လာမည့် ရုံးချိန်းကို ဇူလိုင် ၂ ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး ယင်းနေ့၌ နောက်ထပ် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးရန် ဆင့်ခေါ် ထားသည်။ ထို့ကြောင့် ရုံးချိန်းတစ်ချိန်း တွင် တရားလိုပြသက်သေသုံးဦး ထိ ဆင့်ခေါ်စစ်ဆေးပါက စုစု ပေါင်း နောက်ထပ်ရုံးချိန်း နှစ်ချိန်း သာ စစ်ဆေးရမည်ဖြစ်သည်။

No comments:

Post a Comment