Sunday, June 30, 2019

အလေ့ကျပေါက်သောမှိုများခူးစားမိ၍ တောင်ကြီးမြို့ သိက္ခာမြန်မာသင်တန်းမှ ကျောင်းသား၈ဦး အစာအဆိပ်သင့်

No photo description available.တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ခွာညိုလမ်းသွယ်၊အမှတ်(ရပ/၁၁၄)ရှိသိက္ခာမြန်မာအင်္ဂလိပ်စာသင်တန်းမှသင်တန်းသားသူ(၈)ဦးတို့သည်အလေ့ကျပေါက်နေသောမှိုများကိုခူးယူစားသုံးရာမှအစာအဆိပ်သင့်ဖျားနာပြီးစဝ်စံထွန်းပြည့်သူ့ဆေးရုံကြီးဖျားနာဆောင်အခန်းအမှတ်( ၅ )(၈)နှင့်(၉)တို့တွင်ဇွန်လ၂၉ရက်‌နေ့က‌ဆေးကုသမှုခံယူနေရသည်။ သင်တန်းသားများသည် တောင်ကြီးမြို့ နယ်၊ထီဖောင်းကျေးရွာအုပ်စု၊ ကျောင်းခမ်းကျေးရွာ၌ အ‌လေ့ကျပေါက်လေ့ရှိသော မှို များအားခူးယူ၍ စား သောက်ခဲ့ကြခြင်းဖြစ်သည်။ အစာအဆိပ်သင့်သူများမှာ ဇင်ညီညီဇော်၊ (၂၇)နှစ်၊ ကောင်းမြတ်မိုး(၁၉နှစ်) သောင်းအာလေဘော်၊ (၁၇)နှစ်ထူးမြတ်ထင်း၊ (၂၂)နှစ်၊မယမင်းထက်၊ ၂၃ နှစ်၊အိုက်မွန်၊ (၁၉)နှစ်၊ ကျော်သီဟ(၂၂)ရဲခေါင်ဗထူး၊ (၂၃ နှစ်)တို့ ဖြစ်သည်

No comments:

Post a Comment