Sunday, June 30, 2019

မြန်မာပြည်က ရွှေတွေ အိန္ဒိယကို မှောင်ခိုပို့နေ

မြန်မာနိုင်ငံဘက်က အိန္ဒိယနိုင်ငံကို အရင်က လက်နက်တင်ပို့တဲ့ လမ်းကြောင်းဟာ အခုအချိန်မှာ ရွှေများ တရားမ၀င်ခိုးဝင်နေတဲ့ လမ်းကြောင်းဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ အင်ဖါးအကောက်ခွန်ဌာနက အရာရှိတစ်ဦးပြောပြချက်ကို ကိုးကားပြီး The Economic Times သတင်းစာမှာ ဖော်ပြပါတယ်။



အိန္ဒိယနိုင်ငံဘက်ကို မှောင်ခိုဝင်ရောက်တဲ့လမ်းကြောင်းဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းက Nagaland ရှိ Dimapur ဒါမှမဟုတ် အာသံပြည်နယ် Slichar ကိုဖြတ်သယ်ပြီးနောက် နယူးဒေလီကို သယ်ယူတာပါ။ မြန်မာနိုင်ငံက ရွှေဟာ အရည်အသွေးမြင့်ပြီး ၉၉.၇၆% အခေါက်ရွှေ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအကောက်ခွန်ရဲ့စာရင်းတွေအရ ၂၀၁၇-၁၈ခုနှစ်မှာ ဖမ်းဆီးရမိတဲ့ ရွှေဟာ ကီလို ၃ထောင်ကျော်ပြီး တန်ဖိုးအားဖြင့် ရူပီငွေ သိန်း ၉ ထောင်ကျော် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ပါတယ်။ ဖမ်မိတဲ့ ရွှေတွေဟာ တရားမ၀င် ၀င်ရောက်နေတဲ့ ရွှေများရဲ့ ၁၀% ၀န်းကျင်ပဲ ရှိပါတယ်။

မြန်မာ့ရွှေဟာ အိန္ဒိယရွှေထက် တစ်ဂရမ်မှာ ရူပီ ၅၀၀ ပတ်ဝန်းကျင် ဈေးသက်သာပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရားမ၀င်ဝင်လာတဲ့ ရွှေများဖြစ်တာကြောင့် ပေးဆောင်ရတဲ့ အကောက်ခွန် ၁၀% အပြင် ၀ယ်ယူသူပေးဆောင်ရတဲ့ တခြားအခွန်တွေလည်း ပေးစရာမလိုတဲ့အတွက်ဖြစ်ပါတယ်။

No comments:

Post a Comment