Sunday, June 30, 2019

ရခိုင်ပြည်နယ်တွင် ဒေါ်လာ ၃၈ ဘီလီယံတန်စီမံကိန်း ရင်းနှီးမြှုပ်နှံရန် ပြည်ပကုမ္ပဏီတစ်ခု အဆိုပြုထား

ရခိုင်ပြည်နယ် စစ်တွေ မြို့အနီး၌ မလေးရှားကုမ္ပဏီတစ် ခုက မြေဧက ၇,၀၀၀ တွင် ကန် ဒေါ်လာ ၃၈ ဘီလီယံတန်စီမံကိန်း  ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်နယ်အစိုးရထံ တင်ပြထား သည်ဟု ရခိုင်ပြည်နယ် ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီးဦးကျော်အေးသိန်းက ပြောသည်။ အဆိုပါစီမံကိန်းအတွက် မလေးရှားကုမ္ပဏီက ၂၀၁၈ က စတင်ကြိုးစားနေခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုအပြီးတွင် စီမံကိန်းကို အသေးစိတ်လေ့လာ ရန် ပြည်နယ်အစိုးရက ကုမ္ပဏီကို ညွှန်ကြားခဲ့သည်ဟု ၎င်းကဆို သည်။အဆိုပါစီမံကိန်းသည် ဒေါ် လာ ၃၈ ဘီလီယံတန်ဖိုးရှိမည်ဖြစ် ပြီး ၂၀၃၀ အထိဆောင်ရွက်ရ မည့်အကြီးစားစီမံကိန်းတစ်ခုဖြစ် သည်ဟု ၀န်ကြီးကဆိုသည်။
ကုမ္ပဏီက ပြည်နယ်အစိုးရထံ လာရောက်ရှင်းပြစဉ် အဆိုပါစီမံ ကိန်း၌ အိမ်ရာစီမံကိန်းများ၊ စီး ပွားရေးဇုန်များ၊ အကြီးစားစက်မှု လုပ်ငန်းများ၊ ဆိပ်ကမ်းများနှင့် ရေနံလုပ်ငန်းများပါဝင်သည်ဟု ဦးကျော်အေးသိန်းက ပြောသည်။

‘‘ခွင့်ပြုမိန့်တော့ မပေးသေး ပါဘူး။ ဆွေးနွေးတုန်းပဲရှိသေး တယ်။ ကျွန်တော်တို့က ဒေသဖွံ့ ဖြိုးဖို့လုပ်မှဖြစ်မယ်။ ပြည်နယ်အ တွက်လည်း အခွင့်အလမ်းရှိမယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အပံ့ ရှိရင် လုပ်ရမှာပဲ။ ဒါကကြီးတော့ ဆွေးနွေးရဦးမှာ။ သူတို့တင်ပြရုံနဲ့ ခွင့်ပြုလို့မရဘူး။ အများကြီးစိစစ် ရဦးမယ်’’ ဟု ၀န်ကြီးဦးကျော် အေးသိန်းက ပြောသည်။

အဆိုပါစီမံကိန်းသည် ရင်း နှီးမြှုပ်နှံမှုပမာဏကြီးမား၍ ပြည် ထောင်စုအစိုးရထံမှ ခွင့်ပြုမိန့်ယူ ရန်နှင့် ပြည်နယ်လွှတ်တော်သို့ တင်ပြရန်  ပြည်နယ်အစိုးရက ညွှန်ကြားထားသည်ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းနှင့်ပတ် သက်ပြီး ရခိုင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌဦးစံလှကျော်က ‘‘သူ တို့က စီမံကိန်းတစ်ခုကို လုပ် မယ်။ ပြည်နယ်အစိုးရကိုလည်း တင်ပြပြီးဖြစ်လို့ လွှတ်တော်ကို အလွတ်သဘော လာတင်ပြ တယ်’’ ဟု ဆိုသည်။

ပဋိပက္ခများကြောင့် ရင်းနှီး မြှုပ်နှံမှုများမလာရောက်လိုသည့် ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှု များကို ကြိုဆိုလက်ခံနေကြောင်း ၎င်းကဆိုသည်။ သို့သော် ပြည်သူ အတွက် အကျိုးရှိရန်လည်း လို အပ်ပြီး ယခုစီမံကိန်းကို အမှန် တကယ်ဖြစ်လာပါက ကြိုဆို သည်ဟု ဦးစံလှကျော်က ပြော သည်။

အဆိုပါစီမံကိန်းကို လာ ရောက်တင်ပြသည့်ကုမ္ပဏီသည် မလေးရှားအခြေစိုက်ကုမ္ပဏီဖြစ် ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် GOLD COAST KTMG DEVELOPMENT (မြန်မာ)ကုမ္ပဏီအမည် ဖြင့် မှတ်ပုံတင်ထားသည်။

ကုမ္ပဏီသည် ၂၀၁၈ တွင် စီမံကိန်းဖြစ်နိုင်ခြေလေ့လာခြင်း နှင့် အလွတ်သဘောစစ်တမ်း ကောက်ယူခြင်းများပြုလုပ်ခဲ့ သည်ဟု ဦးကျော်အေးသိန်းက ပြောသည်။ စီမံကိန်းကို စစ်တွေ မြို့အနီး ဆတ်ရိုးကျချောင်းတစ် ဖက် ရွှေမင်းဂံနှင့်ကျေးတော ကျေးရွာများတွင် ကုမ္ပဏီကရွေး ချယ်ထားသည်ဟု ပြည်နယ်အစိုး ရက ဆိုသည်။ ရခိုင်ပြည်နယ်အစိုးရက ပြီး ခဲ့သည့်နှစ်တွင် ကျေးတော-မင်း ဂံဖွံ့ဖြိုးရေးစီမံကိန်းအသစ်ကို မိတ်ဆက်ထားသည်။ ထိုစီမံကိန်း သည် စစ်တွေမြို့ကျေးတောနှင့် မင်းဂံကျေးရွာအနီးမြေဧက ၁၈၀ တွင် တည်ရှိပြီး လေယာဉ်ကွင်း၊ ကုန်သွယ်ရေးဇုန်၊ လူနေအိမ်ခန်း များနှင့် အသေးစား၊ အလတ်စား လုပ်ငန်းဇုန်များ ပါဝင်မည်ဖြစ် သည်။

No comments:

Post a Comment