Sunday, June 30, 2019

ရန်ကုန်နှင့်မန္တလေး ဖူဆယ်ပြိုင်ပွဲ ချန်ပီယံအသင်းကို အာဆီယံပြိုင်ပွဲဝင်ခွင့်ပေးရန် စီစဉ်

ရန်ကုန်နှင့် မန္တလေးမြို့ တွင် ကျင်းပသည့်ဖူဆယ်အလွတ် တန်းပြိုင်ပွဲများမှ အကြိုဗိုလ်လုပွဲ  ရောက်အသင်းများကို  အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ကာ ချန်ပီယံ အသင်းကို အာဆီယံဖူဆယ်  ကလပ်ပြိုင်ပွဲဝင်ခွင့်ပေးရန် စီစဉ် ထားကြောင်း  မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူးဦးကိုကိုသိန်းက ပြော သည်။ဇွန်လ ၂၉ ရက်က မန္တလေး မြို့ မန္တလာသီရိဘက်စုံသုံးအားကစားရုံတွင် ကျင်းပသည့်ဖူဆယ် အလွတ်တန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား၌ ဦးကိုကိုသိန်းက ယင်းသို့ ပြောကြားခဲ့သည်။ ဖူဆယ်အလွတ်တမ်းပြိုင်ပွဲ များကို ရန်ကုန်မြို့တွင် ၂၀၀၆ က  စတင်ကျင်းပပြီး မန္တလေးမြို့တွင် ယခုနှစ်ကစတင်ကာ နှစ်စဉ် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။


‘‘နှစ်တိုင်း အလွတ်တမ်းပြိုင် ပွဲတွေကို ရန်ကုန်မှာရော မန္တလေး မှာပါ ကျင်းပသွားမှာဖြစ်ပါတယ်။  ပြိုင်ပွဲနှစ်ခုက  ဆီမီးဖိုင်နယ်တက် တဲ့အသင်းတွေကို အိမ်ကွင်း၊ အ ဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ကစား စေပြီး ချန်ပီယံဖြစ်တဲ့ အသင်းက အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲကို  ၀င်ခွင့်ပေးဖို့ စီစဉ်နေပါတယ်’’ဟု  ဦးကိုကိုသိန်းက ဆိုသည်။

အာဆီယံဖူဆယ်ကလပ်ချန် ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၅ ကစတင် ကျင်းပပြီး မြန်မာကိုယ်စားပြု  MIU အသင်းက တတိယလေး ကြိမ် ရရှိထားသည်။ ယမန်နေ့က  မန္တလေးမြို့တွင် စတင်ကျင်းပ သည့် ဖူဆယ်အလွတ်တန်းပြိုင်ပွဲ တွင် အသင်း ၄၁ သင်းပါဝင်ယှဉ် ပြိုင်နေသည်။ ဇွန်လ ၂၉ ရက်က ကျင်းပ သည့် ဖူဆယ်အလွတ်တန်းပြိုင် ပွဲ(မန္တလေး)အုပ်စု(က)အဖွင့်ပွဲ များတွင် GV Athletic အသင်းက Dream Team အသင်းကို ၉-၃ ဂိုး၊ TRY အသင်းက Sport Star  အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။ အုပ်စု(ခ)အဖွင့်ပွဲများ တွင် Contender အသင်းက UPK အသင်းကို ၇-၀ ဂိုး၊ လင်း လက်အသင်းက JK United အ သင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။

No comments:

Post a Comment