Sunday, June 30, 2019

ဇူလိုင်တွင် မုန်တိုင်းတစ်ကြိမ် ဖြစ်နိုင်ပြီး ဒေသအများစု မိုးကောင်းနိုင်

 ဇူလိုင်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင် ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဇွန်လ ၂၈ ရက်တွင် သတိပေး သည်။ြ မစ်ဝကျွန်းပေါ်နှင့် မြန်မာ နိုင်ငံတောင်ပိုင်းဒေသများတွင် ပါဝင်ပြီး ရေကြီးနစ်မြုပ်မှု ဧရိယာ ကျယ်ပြန့်သော ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ ပုံမှန် ထက် မိုးကောင်းကာ ကျန်ဒေသ များတွင်လည်း မိုးရွာနိုင်ကြောင်း သတိပေးထားသည်။



ပထမရေကြီးကာလအဖြစ် သတ်မှတ်ထားသော ဇူလိုင်သည် ရေဘေး အထူးသတိပြုရမည့် အနေအထားဖြစ်ကြောင်း ဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကို နိုင်က ပြောသည်။

ဧရာဝတီ၊ ချင်းတွင်း၊ စစ် တောင်းနှင့် သံလွင်မြစ် အပါအ ဝင် မြစ် ၁၀ စင်းသည် ယင်းတို့ဖြတ် သန်းစီးဆင်းရာ ၂၃ မြို့တွင် ၂၀၁၉ မိုးရာသီကာလအတွင်း ပထမဆုံးအကြိမ် စိုးရိမ်ရေမှတ်အ ထက်သို့ ရောက်နိုင်ခြေကို သတိ ပေးထားသည်။ ဧရာဝတီမြစ်ရေ သည် ဇူလိုင်အတွင်း ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့၌ တစ်ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မ လင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သံလွင်၊ တိုးမြစ်၊ ကုလားတန်နှင့် ဘီးလင်းမြစ်ရေသည် မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ သံလွင်၊ မအူပင်၊ ကျောက်တော်နှင့် ဘီးလင်းမြို့ တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ကြိမ်စီ၊ ငဝန်မြစ်ရေသည် ပုသိမ်၊ ငါးသိုင်းချောင်းနှင့် သာ ပေါင်းမြို့တွင် တစ်ကြိမ်စီ၊ စိုးရိမ် ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားသည်။ ဇူလိုင်ကစတင်ကာ မိုးအား ကောင်းလာနိုင်၍ ရေကြီးနစ်မြုပ် မှုဘေး ကာကွယ်ရေး အစိုးရက ရော လူထုကပါ ကြိုတင်ပြင်ဆင် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မကြာခဏ သတိပေးထားသည်။ လတ်တလောကာလ တွင် ဒေသအချို့ မိုးကောင်းနေရာ ဇူလိုင်အတွင်း မိုးဆက်လက် ကောင်းနေပါက ရေဘေးအန္တ ရာယ်ကြီးမားနေသည်။ လက်ရှိ ကာလ၌ ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းဖြစ် နေသည်။ ယင်းလေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာ ကာ မုန်တိုင်းငယ်ဖြစ်လာနိုင် သည်ဟု မိုးဇလဌာနက သတိပေး ထားသည်။ ဇွန်လ ၂၉ ရက်က မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များ မိုးကောင်းရာ ၁၆ မြို့တွင် ပုံမှန်ထက် မိုးကောင်းခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ တွင် မိုးရေချိန် ၇ ဒသမ ၅၆ လက်မရွာပြီး စံချိန်သစ်တင်ခဲ့သည်။ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ ကရင်နှင့် ရခိုင်ဒေသတို့ပါဝင်သော မြစ်ဝ ကျွန်းပေါ်နှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသများတွင် မိုးဆက်လက် ကောင်းနိုင်ကြောင်း သတိပေး ချက် ထုတ်ပြန်ထားသည်။ ဇွန်လ နောက်ဆုံးပတ်အ တွင်း မြစ်ဝကျွန်းပေါ်နှင့် မြန်မာ နိုင်ငံအောက်ပိုင်းဒေသများတွင် မိုးကောင်းနေပြီး အထက်ပိုင်း ဒေသအချို့ နေရာကွက်မိုးကောင်း နေသော်လည်း အလယ်ပိုင်းဒေသ များ၌ မိုးနည်းနေရာ ဒေသခံ တောင်သူများ စိုက်ပျိုးရေရရှိရေး အခက်တွေ့နေသည်။

No comments:

Post a Comment