Sunday, June 30, 2019

မြန်မာ - အိန္ဒိယနယ်စပ်ထွက် ခမ်းပတ် နာနတ်သီးများ အထွက်နှုန်းနည်းသော်လည်း၊ ဈေးကောင်းရသည့်အတွက် နာနတ်စိုက်တောင်သူများ အဆင်ပြေနေ

 မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်း တိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်ဒေသထွက် နာနတ်သီးများ မှာ ရာသီဥတုပျက်ယွင်းမှုကြောင့် အထွက်နှုန်းနည်းပါးသော်လည်း ဝယ်ယူမှု များပြား နေသည့်အတွက် ဈေးကောင်းရ အမြတ်ကျန်လျက် ရှိကြောင်း သိရသည်။ ခမ်းပတ်နာနတ်မှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးပညာရှင်များ၏ နည်းပညာဖြင့် စိုက်ပျိုးခဲ့သော မဏိပူရနာနတ်မျိုးရင်းဖြစ်ပြီး ယခင် ကာလများ က အိန္ဒိယနိုင်ငံမဏိပူ ရကသည်း ပြည်နယ်သို့လည်း ကောင်း၊ မီဇိုရမ်ဘက်သို့လည်း ကောင်း တင်ပို့ရောင်းချမှုများရှိခဲ့ ပြီး ယခုလမ်းပန်းဆက်သွယ်ရေး များ ကောင်းမွန်လာသည့်အခါ မုံရွာ၊ မန္တလေးဈေးကွက်များမှတစ် ဆင့် တရုတ်နယ်စပ်အထိတင်ပို့ ရောင်းချနေကြသည်။



''ကျွန်တော်တို့မြန်မာ-အိန္ဒိ ယနယ်စပ်တစ်လျှောက်မှာ နာနတ်စိုက် ဧကသောင်းချီရှိပြီး၊ မေလကုန်ရက်ပိုင်းကစလို့ နှစ်စဉ်ဈေးကွက်ကို တင်ပို့ရောင်းချတယ်။ စက်တင်ဘာ၊ အောက်တိုဘာလအထိ နာနတ် သီးထွက် တယ်။ နှစ်တိုင်းရောင်း လိုအားများပြီး ဝယ်လိုအားနည်း ပါး ခဲ့တယ်။ အခုနှစ်တော့ရာသီဥတု ကြောင့် နာနတ်အထွက်နည်းပြီး၊ ဈေးကွက်မှာ ဝယ်လိုအားများနေတဲ့အတွက် ခမ်းပတ်နာနတ်တွေဈေး ကောင်းရတယ်''ဟု ခမ်းပတ်မြို့ နာနတ်စိုက်တောင်သူ ဦးပေါင်လွန်းထန် က ပြောကြားသည်။ ခမ်းပတ်နာနတ်ကို ကလေး-တမူး မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး ကားလမ်းမကြီး ဝဲယာတစ်လျှောက် ရှိကျေးရွာ များနှင့် တမူးခရိုင်၊ ခမ်း ပတ်မြို့နယ်အတွင်းရှိ ကျေးရွာများ တွင်စိုက်ပျိုးကြသည်။

ယခုအခါခမ်းပတ်နာနတ်ကို ကလေးမြို့ သစ်သီးပွဲရုံများက အများဆုံး ဝယ်ယူပြီး မြန်မာနိုင်ငံ မြို့ကြီးများသို့လည်းကောင်း၊ တရုတ် နယ်စပ်သို့ လည်းကောင်း တင်ပို့ ရောင်းချပြီး ကလေးမြို့ဈေးကွက်တွင် ယခုရက် ပိုင်း ခမ်းပတ်နာနတ် သီးတစ်လုံးကို အလုံးလှပါကတစ် လုံးကျပ် ၁၅ဝဝ မှ ၂ဝဝဝ အထိ အရောင်းအဝယ်ဖြစ်ကာ အလုံး သေးပါက တစ်လုံးကျပ် ၁ဝဝဝ ဖြင့် ရောင်းချကြကြောင်း သိရသည်။

No comments:

Post a Comment