Sunday, June 30, 2019

MSME လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံ၏ ဒိန်းမတ်ငွေ Krone ငါးသန်း ထောက်ပံ့မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်များ ဇူလိုင် ၁ ရက်မှ စတင်လျှောက်ထားနိုင်

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအတွက် ဒိန်းမိတ်နိုင်ငံက လေးကြိမ်မြောက်အဖြစ် ဒိန်းမတ်ငွေ Krone ငါးသန်း ထောက်ပံ့မည်ဖြစ်သဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းရှင်များ ဇူလိုင် ၁ ရက်မှ စတင် လျှောက်ထားနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မြန်မာ့ MSME လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံက ငွေကြေးအထောက်အပံ့ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် ဒိန်းမတ်ငွေ Krone ငါးသန်းတိတိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများလျှောက်ထားခြင်းအစီအစဉ်ကို ဇူလိုင် ၁ ရက်မှ၂၂ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်။



ရန်ကုန်တိုင်းဒေသကြီးမှ လျှောက်ထားနိုင်သည့် စီးပွားရေးလုပ်ငန်းအမျိုးအစားမှာ Waste Water treatment ပြုလုပ်သည့် MSME လုပ်ငန်းများ၊ Recycling ပြုလုပ်သည့် MSME လုပ်ငန်းများနှင့် Energy Efficiency and Energy Saving ပြုလုပ်သည့် MSME လုပ်ငန်းများ လျှောက်ထားနိုင်ကြောင်း သိရသည်။
ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ MSME များ လျှောက်ထားနိုင်သည့် စီးပွားရေးလုပ်ငန်းအမျိုးအစားများမှာ စွမ်းအင်ချွေတာသုံးစွဲ၊ ရေခြိုးခြံချွေတာသုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများ ပြန်လည်သုံးစွဲခြင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ အစားအသောက်များ ဘေးကင်းလုံခြုံရေး၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုဆိုင်ရာကျွမ်းကျင်မှု၊ လုပ်ငန်းခွင်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာကျွမ်း ကျင်မှုတို့ဖြစ်ပြီး အဆိုပါလုပ်ငန်းများအနေဖြင့် အခန်း (၁၀၁)၊ ပထမထပ်၊ တိုက် (၁၉၄)၊ သုခကွန်ဒို၊ သုခလမ်း (၈) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လျှောက်ထားရမည်။

မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းများအား စောင့်ကြည့်လေ့လာသည့်စနစ် တည်ထောင်ရန်အတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အရည်အသွေး စစ်တမ်းနှစ်ခုအား ကုန်ထုတ်လုပ်မှုကဏ္ဍဍအတွင်း ကောက်ယူရန်စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာနမှ သိရသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရေအတွက်ဆိုင်ရာ ကုန်ထုတ်လုပ်မှုစစ်တမ်းကို ၂၀၁၇ ခုနှစ်တွင် ပထမအကြိမ် ကောက်ယူခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရည်အသွေးဆိုင်ရာ စစ်တမ်းကို ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းတွင် အသုံးပြုခဲ့သည့် နမူနာစာရင်းစဉ်အတိုင်း ဒုတိယအကြိမ် ကောက်ယူခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောကြားသည်။

No comments:

Post a Comment