Wednesday, June 12, 2019

ကလေးဒေသတွင် မိုးရွာသွန်းမှုများသည့်အတွက် ကလေး-ဂန့်ဂေါလမ်း၌ ရေဝပ်၊ ဗွက်ပေါက်မှုများဖြစ်ပေါ်နေ

 စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဒေသ၌ ယခု ရက်ပိုင်းအတွင်း ရွာသွန်းခဲ့သော မိုးကြောင့် ကလေး-ဂန့်ဂေါ-မန္တ လေးကားလမ်းပိုင်းတွင် ရေဝပ်ဗွက် ပေါက်မှုကြောင့် တမူး-ကလေး- မုံရွာ- မန္တလေး- ရန်ကုန်ပြေးဆွဲ သည့် ကုန်ကား၊ ဘတ်စ်ကားများ ခက်ခဲစွာ သွားလာနေကြရကြောင်း သိရသည်။ ကလေး-ဂန့်ဂေါ-မုံရွာ-မန္တ လေးကားလမ်း၌ မိုးရွာသွန်းမှု ကြောင့် ရေဝပ်ဗွက်ပေါက်နေသော နေရာမှာ ကလေး-ဂန့်ဂေါမြို့အ ကြား၌ဖြစ်ပြီး ကားလမ်းပြုပြင်နေ မှုကြောင့် မြေသားလမ်းများရေဝပ် ဗွက်ပေါက်နေခြင်းဖြစ်သည်။



""လမ်းတွေကို အောက်ခံမြေ တွေပြန်တူး၊ မြေသားပြန်တင်ပြီး လုပ်ကိုင်နေတာဖြစ်တဲ့အတွက် ရေဝပ်ဗွက်ပေါက်တာမျိုးဖြစ်ပါ တယ်။ လုပ်တုန်းကိုင်တုန်းမှာ မိုး ရွာချလိုက်တဲ့အတွက် အခုလိုသွား ရေးလာရေးခက်ခဲသွားတာပါ။ လမ်းပိတ်ဆို့သွားတာမျိုးမရှိပါဘူး။ မိုးပြတ်ပြီး နေပူလိုက်ရင် အားလုံး အဆင်ပြေသွားမှာဖြစ်ပါတယ်""ဟု ကလေး-ဂန့်ဂေါလမ်းအဆင့်မြှင့် တင်ရေးဆောင်ရွက်နေသည့် လမ်း ဌာနတာဝန်ရှိသူတစ်ဦးကပြော ကြားသည်။

တမူး-ကလေး-မုံရွာ-မန္တလေး ဆက်သွယ်ရေးတွင် လမ်းကြောင်း သုံးကြောင်းရှိရာ ကလေး-ဂန့်ဂေါ- မုံရွာကားလမ်းမှာလည်း မိုးရွာသွန်း မှုများပါက လမ်းပျက်စီးမှုဖြစ်သကဲ့ သို့ မဟာမြိုင်ကားလမ်း ကလေးဝ- ရေဦးလမ်းမှာလည်း နတ်စင်ဆင်း ခေါ် ကဒူးမဆင်းမှာလည်း ယခု ရက်ပိုင်း မိုးရွာသွန်းမှုများသည့်အ တွက် ကားထိုးကျမှုများ၊ ကားဗွက် နက်ပိတ်ဆို့မှုများကြောင့် ကုန်ကား၊ ဘတ်စ်ကားသွားလာရေးအခက်ကြုံ လျက်ရှိသည်။ ထို့အပြင် ကလေးဝ -ယာကြီးလမ်းမှာ အိန္ဒိယနိုင်ငံအ ကူအညီဖြင့် အကြီးစားလမ်းအ ဆင့်မြင့်တင်မှုများဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

No comments:

Post a Comment