Wednesday, June 12, 2019

လာမည့် ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားခအဖြစ် ၃၁ ဘီလီယံကျော် ပြည်ထောင်စုအဆင့် ထောက်ပံ့

၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားခအဖြစ် ငွေကျပ် ၃၁ ဘီလီယံကျော်ကို ပြည် ထောင်စုအစိုးရအဖွဲ့က ထောက်ပံ့ထားကြောင်း သိရသည်။ ဇွန် ၁၁ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်း အဝေး၌ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း (လျာထား ချက်)ကို လွှတ်တော်သို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဦးမြင့်သောင်းက ရှင်းလင်းတင်ပြခဲ့ရာ အထက်ပါအတိုင်း ထည့် သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။



''ပြည်ထောင်စုဝန်ကြီး ဦးဆောင်စိစစ်ခဲ့သည့် အစည်းအဝေးမှာ ထပ်ပြီး ပြည်ထောင်စုမှထောက်ပံ့ငွေ ကျပ် ၃၁ ဒသမ ၆၈ဝ ဘီလီယံနဲ့ ပြည်ထောင်စုမှ နောက်ထပ် လျှပ်စစ်ဓာတ်အားခအဖြစ် ထပ်မံထောက်ပံ့ ငွေ ကျပ် ၃၁ ဒသမ ၆၆၄ ဘီလီယံတို့ကို ထပ်မံရရှိလို့ ကျွန်တော်တို့အား လုံး စုစုပေါင်း ၇၇၂ ဒသမ ဝ၄၈ ဘီလီယံထိရရှိခဲ့ပါတယ်''ဟု ၎င်းင်းက ပြောသည်။ ထို့ကြောင့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်မီးလင်းရေးအတွက် ကျပ် ၄၅ ဒသမ ၄၂၅ ဘီလီယံသုံး စွဲရန်လျာထားကြောင်း ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာ ရင်း(လျာထားချက်)အရ သိရသည်။

မူလက ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း၏လျာထားချက်တွင် ရငွေအနေဖြင့် ပြည်ထောင်စုမှ လိုငွေထောက်ပံ့ငွေ ကျပ် ၆၃ ဒသမ ဝ၈၈ ဘီလီယံ၊ ပြည်ထောင်စုမှ ခွဲဝေပေးသည့် အခွန် ဝေစု ကျပ် ၂၄၈ ဒသမ ဝ၄၈ ဘီလီယံ၊ ဌာနအဖွဲ့အစည်းများမှ အခွန်ရ ငွေက ကျပ် ၆၈ ဒသမ ၉၉၃ ဘီလီယံ၊ အခြားသာမန်ရငွေများမှာ ကျပ် ၁၃၁ ဒသမ ၁၉၄ ဘီလီယံနှင့် ငွေလုံးငွေရင်းရငွေ ကျပ် ၃၂ ဒသမ ၂၈၅ ဘီလီယံ၊ြေ<ွကးငွေရငွေ ကျပ် ၁၆ဝ ဒသမ ၈၈၉ ဘီလီယံဖြစ်သည့်အတွက် စုစုပေါင်းရငွေ ကျပ် ၇ဝ၄ ဘီလီယံဖြစ်ပြီး အသုံးစရိတ်အနေဖြင့် သာမန်အသုံးစရိတ်မှာ ကျပ် ၁၉ဝ ဒသမ ၈၃၈ ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ်မှာ ကျပ် ၆၆၁ ဒသမ ၈၁၅ ဘီလီယံစုစုပေါင်း ကျပ် ၈၅၂ ဒသမ ၆၅၃ ဘီလီယံဖြစ်သည့်အတွက် မူလဘတ်ဂျက်ရေးဆွဲစဉ်က လိုငွေ ကျပ် ၁၄၈ ဒသမ ၁ဝ၁ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဘက်ညီ ဘတ်ဂျက်ရေးဆွဲနိုင်ရေးအတွက် သုံးငွေများအနက် ဌာန ဆိုင်ရာ အဖွဲ့အစည်းများက တင်ပြထားသည့် ကျပ် ၇၇ ဒသမ ၃၅၆ ဘီလီယံနှင့် ရုံးသုံးယာဉ်တန်ဖိုးများဖြစ်သော ကျပ် ၃ ဒသမ၂၄၉ ဘီလီယံ ကို စိစစ်လျှော့ချခဲ့ကြောင်း သိရသည်။

No comments:

Post a Comment