Wednesday, June 12, 2019

တိုင်းလွှတ်တော်အမတ်အဖြစ်မှ ရုပ်သိမ်းခံရသည့် ပြည်ခိုင်ဖြိုးပါတီဝင် အယူခံဝင်မည်

 ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ ကျူးလွန် သည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ အမိန့် ချမှတ်ခြင်းခံရသည့် ဆိပ်ကမ်းမြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးနေမျိုးအောင်က ၁၅ ရက် အတွင်း အယူခံတင်သွင်းမည်ဖြစ် ကြောင်း ပြောသည်။ ဦးနေမျိုးအောင်သည် ဇွန်လ ၁၁ ရက်က ကျင်းပသည့် ရန်ကုန် တိုင်းလွှတ်တော် အရေးပေါ်အ စည်းအဝေးသို့ တက်ရောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ ‘‘လောလောဆယ်ကတော့ အယူခံဝင်ဖို့ စိတ်ကူးထားပါ တယ်။ သူတို့ကလည်း ၁၅ ရက်အ တွင်းမှာ အယူခံဝင်နိုင်ပါတယ်လို့ ပြောထားပါတယ်။
ကိုယ့်ပါတီရဲ့ တစ်ဆင့်မြင့်တွေကလည်း ဆက် ပြီးတော့ ဆုံးခန်းတိုင်တဲ့အထိ ဆောင်ရွက်ပါလို့ ပြောထားပါ တယ်။ ဒါကြောင့်မို့လို့ အယူခံဝင် သွားမှာပါ။ ရှေ့နေနဲ့ညှိပြီး အဆင် ပြေးတဲ့နေ့ သွားတင်မှာပါ။ ကိုယ့် ရဲ့ ရှေ့နေကနေ အကောင်းဆုံး စီစဉ် ဆောင်ရွက်နေတယ်လို့ပဲ ပြောလိုပါတယ်’’ဟု ၎င်းက ပြော သည်။

ယမန်နှစ် နိုဝင်ဘာတွင် ကျင်းပခဲ့သော ကြားဖြတ်ရွေး ကောက်ပွဲ၌ ဦးနေမျိုးအောင်သည် အဓိကပြိုင်ဘက် ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးသန်းထိုက် အောင်ကို ၁၅၉ မဲအသာဖြင့် အ နိုင်ရကာ ဆိပ်ကမ်းမြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အဖြစ် လွှတ်တော်အစည်း အဝေးများ တက်ရောက်နေသူ ဖြစ်သည်။

သို့သော် ဒီချုပ်ကိုယ်စား လှယ်လောင်း ဦးသန်းထိုက်အောင်က ပြည်ခိုင်ဖြိုးပါတီဝင် ဦးနေမျိုး အောင်သည် မဲဆွယ်စည်းရုံးရေး ကာလတွင် မဲဆန္ဒနယ်အတွင်း ငွေချေးလုပ်ငန်းဆောင်ရွက်ခြင်း၊ နိုင်ငံပိုင် အဆောက်အအုံကို ရုံး ခန်းအဖြစ် အသုံးပြုခြင်း၊ ရွေး ကောက်ပွဲအသုံးစရိတ်မမှန်မကန် တင်ပြခြင်း စသည့်တရားမဲ့ပြုကျင့် မှုများ လုပ်ဆောင်ခဲ့ကြောင်း ၂၀၁၈ နှစ်ကုန်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ကန့် ကွက်လွှာတင်သွင်းခဲ့သည်။

အဆိုပါ ကန့်ကွက်လွှာကို (၁၅)ကြိမ်ခန့် စစ်ဆေးပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဦးနေမျိုးအောင် ၏ ရွေးကောက်တင်မြှောက်ခံရမှု ပျက်ပြယ်ကြောင်း မေလ ၃၀ ရက်က အမိန့်ချမှတ်ခဲ့သည်။ ထို့အပြင် ဦးနေမျိုးအောင် သည် ဆိပ်ကမ်းမြို့နယ်၌ ချေးငွေ ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က ဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ကြည့် မြင်တိုင်မြို့နယ် ဒီချုပ်လွှတ်တော် ကိုယ်စားလှယ်များရုံးအဖွဲ့မှူး ဦးရဲမင်းသိမ်းက တရားလိုပြုလုပ် ၍ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ဖြင့် တိုင်ကြားခံရပြီး အဆိုပါအမှု ကို ရင်ဆိုင်နေရဆဲဖြစ်သည်။

No comments:

Post a Comment