Wednesday, June 12, 2019

မည်သည့် အခြေအနေတွင်မဆို အပြစ်မဲ့ ပြည်သူများ မထိခိုက်အောင် ဆောင်ရွက်ကြရန် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

မည်သည့်အ ခြေအနေတွင်မဆို အပြစ်မဲ့ပြည်သူများ မထိခိုက်အောင် ဆောင်ရွက်ကြရန် ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနကို လူ့အခွင့်အ ရေးကော်မရှင်ကတိုက်တွန်းပြောဆိုလိုက်ကြောင်း သိရသည်။ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာဖြစ်စဉ်ကိုလူ့အခွင့်အရေး ကော်မရှင်က ယခုနှစ်မေလကုန်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ထံ ဇွန် ၁ဝ ရက်တွင် အကြံပြုစာပေးပို့ခဲ့သည်။



တွေ့ရှိချက် အသေးစိတ်နှင့် ပတ်သက်ပြီး ပြည်သူများသိရှိစေရန် ယခုရက်ပိုင်းအတွင်း ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း ဦး ယုလွင်အောင်က ဒီမိုကရေစီတူ ဒေးသို့ ဇွန် ၁ဝ ရက်ကပြောသည်။ ကျောက်တန်းဖြစ်စဉ်တွေ့ရှိ ချက်အသေးစိတ်ကိုမူ ပြည်သူသို့ အသိပေးထုတ်ပြန်ပေးပြီးမှသာ လျှင် ပြောပေးနိုင်မည်ဖြစ်ကြောင်း ဦးယုလွင်အောင်ကဆိုသည်။ ''အဓိကကတော့ ဘာတွေပဲ ဖြစ်ဖြစ် အပြစ်မဲ့တဲ့ ပြည်သူတွေ မထိခိုက်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းတာက အဓိကပါပဲ''ဟု ၎င်းင်းကပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရှိ၊ ကျောက်တန်းရွာတွင် ရွာသား ၂၇ဝ ကျော်ကို တပ်မတော်မှ ဖမ်းဆီးထားစဉ် ပစ်ခတ်မှုများဖြစ် ပွားခဲ့ပြီး သေဆုံးသူအချို့လည်း ရှိခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး AA အဖွဲ့နှင့် ပတ်သက်သည်ဆိုသည့် ရှစ်ဦးကို အချုပ်ခန်းတွင် ဆက်လက်ထိန်းသိမ်းထားပြီး ကျန်လူများအား ပြန်လွှတ်ပေးထားသည်။ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်မှ မေ ၂၈ ရက်တွင် ဖမ်းဆီးခံထားရသူ ရှစ်ဦးကို ပြည်နယ်ရဲရိပ်သာတွင် တွေ့ဆုံမေးမြန်းခဲ့သလို လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ကျောက် တန်းရွာ ဒေသခံများနှင့် မေ ၂၉ ရက်တွင် သွားရောက်တွေ့ဆုံမေး မြန်းခဲ့သည်။

ကျောက်တန်းရွာတွင် တာဝန်ထမ်းဆောင်ခဲ့သော တပ်ရင်းမှူးနှင့် အရာရှိစစ်သည် ရှစ်ဦးတို့နှင့်လည်း ဖြစ်စဉ်ကို တွေ့ဆုံမေး မြန်းခဲ့ပြီး ယခုကဲ့သို့ အကြံပြုချက် ပေးပို့ခြင်းဖြစ်သည်။ အဆိုပါ အကြံပြုချက်ကို နိုင်ငံတော်သမ္မတထံလည်းပေးပို့ ခဲ့ကြောင်းသိရသည်။ ကျောက်တန်းရွာ ဖြစ်စဉ်တွင် လက်နက်လုရန် ကြံရွယ်ခြင်း ကြောင့် ပစ်ခတ်နှိမ်နင်းရခြင်းဖြစ် ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment