Wednesday, June 12, 2019

ယူဂန်ဒါတွင် အီဘိုလာရောဂါပိုးရှိသည့် ပထမဆုံးလူနာ တွေ့ရှိ

အီဘိုလာရောဂါပိုးရှိတဲ့ လူနာကို ယူဂန်ဒါနိုင်ငံမှာ ပထမဆုံး တွေ့ရတယ်လို့ ယူဂန်ဒါ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။ အိမ်နီးချင်း ကွန်ဂိုနိုင်ငံကနေ ရောက်လာတဲ့ အသက်ငါးနှစ်အရွယ် ကလေးဆီမှာ အီဘိုလာရောဂါပိုး တွေ့ခဲ့တာပါ။ အဲဒီကလေးဟာ သူ့ရဲ့မိဘတွေနဲ့အတူ ဇွန်လ ၉ ရက်နေ့က ဘူယီရာနယ်စပ်မြို့ကနေ ယူဂန်ဒါနိုင်ငံကို ရောက်လာခဲ့တာပါ။



လက်ရှိမှာတော့ ကလေးကို ဘူယီရာမြို့ အီဘိုလာရောဂါ ကုသရေးအဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ WHO အဖွဲ့က ပြောပါတယ်။

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ ၂၀၁၈ ခုနှစ် သြဂုတ်လက အီဘိုလာရောဂါ စတင်ပြန့်ပွားခဲ့ပြီး သေဆုံးသူ ၁၃၉၀ အပါအဝင် ရောဂါပိုးကူးစက်သူ ၂၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ ကွန်ဂို ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၁၀ ရက်နေ့မှာ ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ယူဂန်ဒါနိုင်ငံမှာ အီဘိုလာရောဂါနဲ့ မာဘတ်ရောဂါတွေ ပျံ့နှံ့ခဲ့ပြီး အဲဒီရောဂါ နှစ်ခုစလုံးဟာ သေနှုန်းမြင့်ပါတယ်။ ဒီရောဂါတွေဟာ ခန္ဓာကိုယ်တွင်း သွေးထွက်များပြီး အပြင်းဖျားစေတဲ့ ကူးစက်ရောဂါတွေ ဖြစ်ပါတယ်။

No comments:

Post a Comment