Wednesday, June 12, 2019

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဘင်္ဂလီဒုက္ခသည် ၆၄ ဦးကို မြန်မာလူကုန်ကူး ၅ ဦးနဲ့အတူ ဖမ်းဆီးရမိ

Image may contain: sky, outdoor, water and natureထိုင်းနိုင်ငံတောင်ပိုင်း Mueng Satun ပြည်နယ်မှာ လာရောက်သောင်တင်နေတဲ့ ဘင်္ဂလီဒုက္ခသည် လှေစီးပြေး ၆၀ ကျော်ကို ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းရဲတွေ တွေ့ရှိထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိပါတယ်။ လုံခြုံရေးအရာရှိတွေဟာ တာရုတောင် အမျိုးသားဥယျာဉ်အနီး ခို့ရာဝီးကျွန်းတစ်ဝိုက်တွင် မနက် ၇ နာရီ ကင်းလှည့်ခဲ့ကြစဉ် ထိုဘင်္ဂလီဒုက္ခသည် ၆၄ ဦးအပြင် ၄င်းတို့ကိုခေါ်ဆောင်၊ လူကုန်ကူးလာခဲ့တဲ့ ထိုင်း ၁ ဦးနဲ့ မြန်မာ ၅ ဦးကိုလည်း တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။ ထိုသူတွေရဲ့ ပြောကြားချက်အရ ၄င်းတို့ဟာ အစားအစာနဲ့ စက်လှေအတွက် ဓါတ်ဆီ ကုန်ခမ်းသွားသဖြင့် ဒုက္ခရောက်၊ သောင်လာတင်နေကြောင်း သိရပါတယ်။ စက်လှေကို စစ်ဆေးရာမှာလည်း ပျက်စီးနေတာကို တွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ ၄င်းတို့အားလုံးကို Satun ပြည်နယ် လာငုခရိုင်သို့ ပြောင်းရွှေ့ပို့ဆောင်ပြီး ချုပ်နှောင်ထားကြောင်း သိရပါတယ်။

No comments:

Post a Comment