Wednesday, June 12, 2019

မြန်မာစာ အထူးပြု တတိယနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးကို အဓမ္မကျင့်၊ လူသတ်ခဲ့သည့် တရားခံအား တောင်ဥက္ကလာ မြို့မရဲစခန်းမှ ခြောက်လ ကြာသည့်တိုင် ဖမ်းဆီးမပေးဟု ဆိုကာ ကာယကံရှင်များ သတင်းစာ ရှင်းလင်း

မြန်မာစာအထူးပြု တတိယနှစ် တက္ကသိုလ်ကျောင်းသူ တစ်ဦးကို အဓမ္မကျင့်၊ လူသတ်ခဲ့သည့် တရားခံကို တောင်ဥက္ကလာ မြို့မရဲစခန်းမှ ခြောက်လ ကြာသည့်တိုင် ဖမ်းဆီးမပေး ဟုဆိုကာ ကာယကံရှင်များ သတင်းစာ ရှင်းလင်းခဲ့ကြောင်း သိရသည်။ေ သဆုံးသည့် မိန်းကလေးမှာ ဧရာဝတီတိုင်းဒေသကြီး ဟင်္သ࿿ာတခရိုင် မြန်အောင်မြို့နယ်တွင် နေထိုင်သည့် ၂၁ နှစ်အရွယ် မြန်မာစာအထူးပြု တက္ကသိုလ်ကျောင်းသူ မဥမ္မာခိုင် ဖြစ်သည်။



မဥမ္မာခိုင်သည် ゞင်းနေထိုင်သည့် ဧရာဝတီတိုင်းမှ လှိုင်သာယာသို့ သူမ၏ သူငယ်ချင်း မမေသူနှင့်အတူ အလုပ်အကိုင် ရှာဖွေရန် သွားရောက်ခဲ့ကြောင်း၊ ရန်ကုန်သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ရောက်ရှိပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် မျိုးမြင့်အောင် ဆိုသည့် လူတစ်ဦးမှ အလုပ်ရှာပေးမည်ဟု ဆိုကာ မဥမ္မာခိုင်ကို ခေါ်ဆို သွားခဲ့ကြောင်း၊ ယင်းနေ့ စတင်ကာ ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် တောင်ဥက္ကလာပ ပါရမီဘူတာနှင့် ကန်ဘဲ့ဘူတာအကြား ရထားလမ်းဘေးရှိ ပိန်းတောထဲတွင် အလောင်းကို ပြန်တွေ့ခဲ့ခြင်း ဖြစ်ကြောင်း မဥမ္မာ၏ ဖခင် ဦးသောင်းညွန့် ပြောကြားသည်။


“သူ စပျောက်ကတည်း ကျွန်တော် လှိုင်သာယာ ရဲစခန်းမှာ ၃၆၆ နဲ့ လူပျောက် တိုင်ပါတယ်။ ၇ ရက်ကြတော့ တောင်ဥက္ကလာမှာ သမီးအလောင်း တွေ့လို့ ကျွန်တော့်သမီး ဟုတ် မဟုတ် အတည်ပြုခိုင်းတယ်။ ကျွန်တော် ဟုတ်ကြောင်း အတည်ပြုပေးတယ်။ နောက် ရဲစစ်ချက်တွေရော ဆေးစာတွေ ကျွန်တော့်ကို ပြောခွင့်မရှိဘူး ဆိုပြီး တောင်ဥက္ကလာစခန်း က ပြောတယ်။ ခုထိ ကျွန်တော့်သမီး သတ်သွားသူကို စုံစမ်း စစ်ဆေးတာတွေ ဘာတစ်ခုမှ မလုပ်ပေးပါဘူး။ ခြောက်လကြာပြီ။ ဘာတစ်ခုမှ ကျွန်တော်တို့ မသိရပါဘူး” ဟု ဦးသောင်းညွန့်က ပြောကြားသည်။

မဥမ္မာခင်အလောင်းကို ရထားလမ်းဘေးရှိ ပိန်းတောထဲတွင် မျက်နှာကို ဆံပင်အုပ် မီးရှို့၍ အောက်ပိုင်း ဗလာကျင်းပုံစံဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းကို တောင်ဥက္ကလာပမြို့မရဲစခန်းမှ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်ရာ တောင်ဥက္ကလာ တရားရုံးမှ လက်မခံဘဲ လူသတ်မှုအဖြစ် ပြောင်းလဲဖွင့်ပေးရန် ပြောကြားခဲ့ကြောင်း မဥမ္မာဖခင် ဦးသောင်းညွန့်က ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး တောင်ဥက္ကလာပ မြို့မရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ စခန်းမှူး မရှိကြောင်းသာ ပြောကြားခဲ့သည်။ လှိုင်သာယာ နယ်မြေရဲစခန်းသို့ ထပ်မံ ဆက်သွယ မေးမြန်းရာ ယင်းအမှုကို ပုဒ်မ ၃၆၆ ဖြင့် ဖွင့်လှစ်ခဲ့ပြီး (ပ) ၁၀၃/၂၀၁၉ ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ယင်းစခန်း အမှုစစ် ဦးဝင်းဌေးက ပြောကြားသည်။ သေဆုံးခဲ့သည့် မဥမ္မာခိုင်တွင် ရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ် တစ်ကျပ်သားခွဲခန့် ရှိပြီး ယင်းပစ္စည်းများ ပျောက်ဆုံးလျက် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment