Wednesday, June 12, 2019

မုံရွာမြို့၌ ညအချိန်သွားလာသူများကို နှောင့်ယှက်သူများ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

မုံရွာမြို့ ပြည်ထောင်စု လမ်းပေါ်တွင် ညအချိန်လမ်းသွားလမ်းလာများကို   နှောင့်ယှက်သူ များကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေကြောင်း မုံရွာမြို့ မြို့မရဲစခန်း မှူး ဒုရဲမှူးဝင်းနိုင်က ပြောသည်။ ဇွန်လ ၁၀ ရက် ညက ပြည် ထောင်စုလမ်းတွင် လမ်းသွားလမ်းလာယာဉ်များကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဆိုင်ကယ်စီးသူများကို ရန်ပြုခြင်းနှင့် လမ်းဘေးအလှစိုက်သစ်ပင်များကို ဖျက်ဆီးခြင်းတို့ရှိခဲ့ ကြောင်း ၎င်းကပြောသည်။
‘‘ရမ်းကားတဲ့သူတွေကို ဖမ်း ပြီး စစ်ဆေးတာတွေ လုပ်တဲ့အခါ အဓိကပြစ်မှုကျူးလွန်သူတွေ မမိ ဘူးဖြစ်နေတယ်။ မဟုတ်တဲ့လူ တွေမိပြီး တကယ်လုပ်တဲ့သူတွေ မမိဘူးဖြစ်နေတယ်။ ကားသမား တွေက မျက်နှာမြင်ရင် မှတ်မိ တယ်ဆိုလို့ စုံစမ်းစစ်ဆေးတာ တွေ ဆက်လုပ်သွားမယ်’’ဟု ဒုရဲ မှူးဝင်းနိုင်က ပြောသည်။ ဇွန်လ ၁၀ ရက်ညက မုံရွာ မြို့ ပြည်ထောင်စုလမ်းမကြီးပေါ် တွင် သံသယဖြစ်ဖွယ် လူငယ် ခြောက်ဦးခန့်ကို ရဲတပ်ဖွဲ့ကခေါ် ယူစစ်ဆေးခဲ့ကြောင်း ၎င်းက ပြောသည်။

No comments:

Post a Comment