Wednesday, June 12, 2019

အိန္ဒိယရုပ်ရှင်မင်းသားကြီး အမီတာဘချမ်း၏ တွစ်တာအကောင့် ဖောက်ထွင်းဝင်ရောက်ခံခဲ့ရ

Image may contain: 2 people, sunglassesနာမည်ကျော် အိန္ဒိယရုပ်ရှင်မင်းသားကြီး အမီတာဘချမ်း၏ တွစ်တာအကောင့်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရားမ၀င်ဖောက်ထွင်းဝင်ရောက်ခြင်းခံခဲ့ရသည်။ ဇွန်လ(၁၀)ရက်နေ့က ထိုသို့ဖောက်ထွင်းဝင်ရောက်ခံရခြင်းဖြစ်ပြီး၊ အမီတာဘချမ်း၏ ပရိုဖိုင်းဓာတ်ပုံနေရာတွင် ပါကစ္စတန်ဝန်ကြီးချုပ်၏ ဓာတ်ပုံပြောင်းလဲခြင်းခံခဲ့ရကာ ကာဗာဓာတ်ပုံကိုလည်းပြောင်းခဲ့ပြီး၊ စာသားအချို့ကိုလည်း ပြောင်းလဲရေးသားသွားကြသည်။ အဆိုပါ အဖျက်အမှောင့်ကွန်ပျူတာဟက်ကာအဖွဲ့သည် အိန္ဒိယရုပ်ရှင်သရုပ်ဆောင် ရှာဟစ်ဒ်ကပူးနှင့် အနုပမ်ခါး တို့၏ တွစ်တာအကောင့်များကို ဖောက်ထွင်းဝင်ရောက်ခဲ့ကြသူများဖြစ်သည်။ အမီတာဘချမ်း၏ တွစ်တာအကောင့်ကိုမူ ယင်းအဖျက်အမှောင့်ကွန်ပျူတာဟက်ကာများလက်မှ နာရီပိုင်းအတွင်း ပြန်လည်ရရှိခဲ့ကြောင်းသိရသည်။

No comments:

Post a Comment