Wednesday, June 12, 2019

ယခုနှစ် ငါးလအတွင်း ခွေးကိုက်ခံရသည့်လူနာ ၄၆၀ဝ ကျော်နှင့် ခွေးရူးပြန်လူနာ ၁၀ ဦးကျော် ရန်ကုန်ဆေးရုံကြီးသို့ရောက်ရှိ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေနှင့် စမ်းချောင်းမြို့နယ်တို့တွင် ခွေးကိုက်ခံရမှုအများဆုံးဖြစ်

၂၀၁၉ ခုနှစ် ဇန် နဝါရီလမှ မေလအထိ ရန်ကုန်ပြည် သူ့ဆေးရုံကြီးသို့ ရောက်ရှိလာ သည့် ခွေးကိုက်ခံရသောလူနာ ၄၆၀ဝ ကျော်နှင့် ခွေးရူးပြန်ရောဂါ ခံစားရသော လူနာ ၁၀ ဦးကျော်ရှိ ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ဆေးရုံအုပ်ထံမှသိရသည်။ ဇွန် ၁၁ ရက်တွင် ရန်ကုန်ပြည် သူ့ဆေးရုံကြီး၌ပြုလုပ်သော Dog Bite Treatment Center စင်တာ အကြောင်း သတင်းစာရှင်းလင်းပွဲ တွင် ယင်းကဲ့သို့ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။



""Dog Bite Treatment Center စင်တာမဖွင့်ခင် ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေး ရုံအရေးပေါ်ဌာနမှာ ခွေးကိုက်ခံရ တဲ့လူနာတွေကို ကုသပေးနေတာ ဖြစ်တဲ့အတွက် လူနာ ၄၀ဝ၀ ကျော်ရှိပါတယ်။ ၂၀၁၉ ဇန်နဝါရီ လကနေ မေလ စင်တာမဖွင့်ခင် အထိ ခွေးကိုက်ခံရတဲ့ လူနာ ၄၆၀ဝ ကျော်ပါတယ်။ တော်တော် တော့ ခွေးကိုက်ခံရတဲ့ လူနာဦးရေ များလာပါတယ်။ ခွေးရူးပြန်လူ နာစာရင်းကတော့ တစ်နှစ်ကို ၃၀ နဲ့ ၄၀ ကြားလောက်တော့ ခွေးရူး ပြန်လူနာတွေ တက်(စာရင်းတက်)လာတာပေါ့။

ဒီနှစ်ဆိုလို့ရှိရင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ခွေးရူးပြန်ရောဂါရလို့ ဒီကိုရောက်လာတဲ့လူနာ ၁၀ ဦး ကျော်သွားပြီ""ဟု ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သိင်္ဂီမြင့်က ပြောသည်။ီDog Bite Treatment Center ကို မေလ ၂၉ ရက် တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ စတင်ဖွင့်လှစ်ခဲ့ပြီး စင်တာဖွင့်ပြီး နှစ်ပတ်တာအတွင်း ခွေးကိုက်ခံရ သောလူနာ ၄၅၀ လာရောက်ပြ သပြီး ကုသမှုခံယူကြကြောင်း သိ ရသည်။

""ကျွန်မတို့ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာDog Bite Treat- ment Center ကို မေလ၂၉ ရက် ကနေ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အစကတော့ ခွေးကိုက်လို့ရှိရင် ပြည်သူလူထုတွေက နီးစပ်ရာ ဒေသန္တရတွေ နီးစပ်ရာဆေးရုံတွေ မှာသွားထိုးကြတာရှိတယ်။ အဲဒီ အခါကျရင် ကိုယ်သွားထိုးချိန်မှာ ဆေးအဆင်မပြေတာတွေ ဖြစ် နိုင်သလို တစ်ခါတလေမှာ သူတို့ အတွက်လည်း အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒီတော့ ကျွန် မတို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ခွေးကိုက်ခံရတဲ့ လူနာတွေအတွက်ကိုDog Bite Treat- ment Center ဖွင့်လှစ်ဖို့ ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်ပြီး ဖွင့် လှစ်ခဲ့တယ်။ ရန်ကုန်မြို့မှာ ဆေးရုံ လေးခုမှာ စင်တာလေးခု ဖွင့်ပေးခဲ့ တယ်။ ဒီစင်တာဖွင့်ခဲ့တယ်။ နှစ်ပတ် သာကာလမှာ လူနာပေါင်း(လူနာ အသစ်) ၄၅၀ ရောက်ရှိပါတယ်""ဟု ၄င်းက ဆက်လက်ပြောသည်။
ခွေးကိုက်ခံရသူများအနေဖြင့် ခွေး ရူးပြန်ရောဂါကူးစက်ခံရပါက အ သက်ဆုံးရှုံးနိုင်ခြေများသည့်အ တွက် ခွေးကိုက်မခံရအောင်နေ ထိုင်ကြရန်လိုအပ်သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အပူပိုင်းနှင့် ကူးစက်ရောဂါ ပညာ ဌာန၏ ပါမောက္ခ၊ ဌာနမှူး ဒေါက် တာ မိုးမိုးစမ်းကလည်း"" ခွေးကိုက် ခံရပြီဆိုရင် ကိုက်ခံရပြီးပြီးချင်း ရေဆေးဖို့ လိုပါလိမ့်မယ်။ ကိုက်ခံ ရတဲ့ နေရာအားလုံးကိုပေါ့။ ရေနဲ့ ဆပ်ပြာရှိရင် ရေနဲ့ဆပ်ပြာပေါ့။ ရေ နဲ့ ဆပ်ပြာမရှိရင် ရေနဲ့ပေါ့။ အဲ ဒါနဲ့ ၁၅ မိနစ်ခန့်ကြာအောင် ဆေးဖို့လိုပါလိမ့်မယ်။ အဲဒါပြီးတဲ့ အခါကျတော့ ပိုးသတ်ဆေးရည် ထည့်ပါတယ်။ ထည့်ပြီးတဲ့အခါ ကျရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း တွေကို အမြန်ဆုံးလာဖို့ လိုပါလိမ့် မယ်""ဟု ပြောသည်။

နီးစပ်ရာ ဆေးရုံ၊ဆေးခန်း များတွင် ခွေးရူးပြန်ရောဂါကာကွယ် ဆေးကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့လာရောက်သည့် ခွေးကိုက်ခံရ သော လူနာများ၏စာရင်းများအရ ခွေးကိုက်ခံရမှုအများဆုံးဖြစ်သည့် မြို့နယ်များမှာ သာကေတမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာ မွေမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် စမ်း ချောင်းမြို့နယ်များမှ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment