Wednesday, June 12, 2019

ရှက်တာဒိုးနက်စ် နည်းပြ ဖွန်ဆီကာ ရိုးမားနည်းပြ ဖြစ်လာ

ယူကရိန်းကလပ် ရှက် တာဒိုးနက်စ်တွင် သုံးနှစ်ကြာပြီး နောက် ပေါ်လိုဖွန်ဆီကာသည် ရိုးမားနည်းပြချုပ်အဖြစ် ၂ နှစ်စာ ချုပ်ဖြင့် ခန့်အပ်ခံရသည်။ ဝါရင့်နည်းပြကြီး ကလော်ဒီ ယိုရာနီရေရီ၏ နေရာသို့ အစား ထိုးဝင်ရောက်မည့် ပေါ်တူဂီလူမျိုး ဖွန်ဆီကာ (၄၆)နှစ်အနေဖြင့် ၂၀၂၂ နွေရာသီအထိ ရိုးမား၌ ရှိနေမည့် လက်ရှိစာချုပ်ကို နောက်ထပ်သက်တမ်းတိုးရန် ရွေးချယ်ခွင့်ရထားသည်။



 ‘‘ရိုးမားနည်းပြချုပ်အဖြစ် ခန့်အပ်ခံရတာကြောင့် ကျွန်တော်စိတ်လှုပ်ရှားပြီး စိတ်အားတက်ကြွမိပါတယ်’’ဟု မိခင်နိုင်ငံတွင် ပေါ်တိုနှင့် ဘရာဂါတို့ကို ကိုင် တွယ်ဖူးသော ဖွန်ဆီကာက ပြော သည်။ ‘‘ဖွန်ဆီကာဟာ နိုင်ငံတကာ အတွေ့အကြုံတွေနဲ့အတူ ရည် မှန်းချက်ကြီးသူပါ။ ပြီးတော့ နိုင် လိုစိတ်ပြင်းပြပြီး တိုက်စစ်ဖွင့် ကစားတဲ့ ကစားပုံကို နှစ်သက်တဲ့ သူအဖြစ် နာမည်ကြီးပါတယ်’’ဟု ရိုးမားဥက္ကဋ္ဌ ဂျင်ပယ်လော့တာက ပြောသည်။

ရှက်တာဒိုးနက်စ်နှင့် သုံးနှစ် တာအတွင်း အမှတ်ပေးဖလားနှင့် လိဂ်ဖလားဆွတ်ခူးခဲ့ပြီး ၂၀၁၇ က ယူကရိန်းစူပါဖလား ရရှိခဲ့သည်။ ‘‘ရိုးမားကို ပြောင်းဖို့၊ ပရိ သတ်တွေနဲ့ တွေ့ဆုံဖို့၊ လုပ်ငန်း စတင်ဖို့ မစောင့်နိုင်အောင် ဖြစ်ရ ပါတယ်။ အတူတူပေါင်းပြီးတော့ အထူးစပယ်ရှယ် တစ်ခုခုဖန်တီး နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်’’ဟု ဖွန်ဆီကာက ပြော သည်။

ထိုအတောအတွင်း ပြင်သစ် နိုင်ငံတွင် ကျင်းပနေသော အမျိုး သမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဂျပန် နှင့် အာဂျင်တီးနား ဂိုးမရှိသရေ ကျခဲ့သည်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲ သို့ သုံးကြိမ်ဆက် တက်ရောက် ရန် ကြိုးပမ်းနေသော ဂျပန်သည် ယခုရလဒ်ကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ပြီး အာဂျင်တီးနားက ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပထမဆုံး တစ်မှတ် ရရှိခြင်းဖြစ်သည်။ ၁-၀ ဂိုးဖြင့် ပြီးဆုံးခဲ့သည့် ကနေဒါနှင့် ကင်မရွန်းပွဲတွင် ၂၀၁၅ အမျိုးသမီးကမ္ဘာ့ဖလား အ ကောင်းဆုံး လူငယ်ကစားသမား ဆုရရှိသော နောက်ခံလူ ဘူချာနန်က ခေါင်းတိုက်ဂိုးသွင်းယူပြီး ကနေဒါအတွက် နိုင်ပွဲရယူပေးခဲ့ သည်။ 

No comments:

Post a Comment