Wednesday, June 12, 2019

ကိုယ်စားလှယ်အဖြစ် တရားဝင် ရုပ်သိမ်းခံရပြီးပါက ၂ဝ၂ဝ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်တော့မည်ဟု ပြည်ခိုင်ဖြိုး တိုင်းအမတ် ဆို

ကိုယ်စားလှယ်အဖြစ် တရားဝင်ရုပ်သိမ်းခံရပြီးပါက ၂ဝ၂ဝ ရွေး ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တော့မည်ဟု ရွေးကောက်ပွဲ အငြင်းပွားမှုရှုံးနိမ့်ထားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးနေမျိုးအောင်ကပြောသည်။ ဇွန် ၁၁ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာစဉ် မီဒီယာများ၏ မေးမြန်း မှုကို ၎င်းင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ ခြင်းဖြစ်သည်။ ''ဦးနေမျိုးအောင်ကို လွှတ်တော်ကိုယ်ားလှယ်အဖြစ်က ရုပ်သိမ်းပြီဆိုရင် ကျွန် တော် ကိုယ့်ရဲ့နယ်မြေမှာ ကိုယ့်ပြည်သူတွေ နဲ့ နောင် ၂ဝ၂ဝ အတွက် ကြိုတင်ပြင်ဆင် စည်းရုံးမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ပဲရှိပါ တယ်''ဟု ၎င်းင်းကပြောသည်။



ပြီးခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေး ကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှုအ ချို့မှာ ဥပဒေနှင့် ညီညွတ်ခြင်းမရှိဟုဆိုကာ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်းထိုက် အောင်က ရွေးကောက်ပွဲကော်မရှင်သို့ တိုင် ကြားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ခုံရုံးဖွဲ့ စစ်ဆေးခဲ့ရာ ဥပဒေမဲ့ပြုကျင့် မှုများ ပေါ်ပေါက်သဖြင့် ပြိုင်ဘက် ဒီချုပ် ကိုယ်စားလှယ် ဦးသန်းထိုက်အောင်ကို အနိုင်ပေးကြောင်း မေ ၃ဝ ရက်တွင် ဆုံး ဖြတ်ခဲ့သည်။ သို့သော်လည်း အမိန့်ချပြီး ၁၅ ရက် အတွင်း အယူခံတင်သွင်းခွင့် ရှိနေသည့်အ တွက် အယူခံဝင်ကာ ဆုံးခန်းတိုင်သည်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးနေမျိုး အောင်ကပြောသည်။

၂ဝ၁၈ ကြားဖြတ် ရွေးကောက်ပွဲကို စစ်ပွဲတစ်ပွဲကဲ့သို့ သဘောထား တိုက်ပွဲဝင် ခဲ့ခြင်းဖြစ်ပြီး ဥပဒေဘောင်အတွင်းကသာ စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း ဦးနေမျိုး အောင်က ဆိုသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်၊ အာဏာရပါတီနှင့် အစိုးရတို့အနေဖြင့် ချိတ်ဆက်ဆောင်ရွက်မှုများ ရှိခဲ့ကြောင်း လည်း ၎င်းင်းက စွပ်စွဲသည်။ ကော်မရှင်အနေဖြင့် မှန်မှန်ကန်ကန် မျှမျှတတ ဆောင်ရွက်ခဲ့ခြင်းသာဖြစ် ကြောင်း ရွေးကောက်ပွဲကော်မရှင် ပြောခွင့် ရဦးမြင့်နိုင်က ပြောကြားထားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင် ဖြိုးကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင် က ၅ဝ၇ မဲ ရရှိခဲ့ခြင်းဖြစ်ပြီး ပြိုင်ဘက်ဒီချုပ် ကိုယ်စားလှယ်လောင်းက ၃၅၁ မဲသာ ရရှိ ခဲ့သည်။

No comments:

Post a Comment