Wednesday, June 12, 2019

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်သည့်ကျောင်းသားလေး သာသနာ့ဘောင်၌ အပြီးနေထိုင်၍ တိပိဋကဆရာတော်ဖြစ်ရန် ကြိုးစားမည်ဟုမိန့်ဆို

Image may contain: 1 person, sittingတက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ် ထူးဖြင့်အောင်မြင်ခဲ့သည့် မကွေး တိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်မှ ကျောင်းသားလေး မောင်အောင် ကောင်းဆက်သည် စစ်ကိုင်းတောင် ရိုးမြစကြာကျောင်းတိုက်၌ ရှင်ကု ဏ္ဍလဘွဲ့အမည်ဖြင့် သာသနာဘောင် ဝင်ရောက်နေရာ ゞင်းအနေဖြင့် သာ သနာ့ဘောင်တွင်သာ ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိစာ ပေများကို လေ့လာသင်ယူကာ ယောဆရာတော်ကြီးကဲ့သို့ တိပိဋ ကဘွဲ့တံဆိပ်တော်ရ ဆရာတော် တစ်ပါးဖြစ်အောင် ကြိုးစားသွား မည်ဖြစ်ကြောင်းသိရသည်။


မောင်အောင်ကောင်းဆက် သည်၂၀၁၈- ၂၀၁၉ပညာသင်နှစ် တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင် မြို့ရှိ မလှိုင်မိသားစုကိုယ်ပိုင်အထက် တန်းကျောင်း၌ တက္ကသိုလ်ဝင် တန်းပညာသင်ယူဖြေဆိုခဲ့ပြီး အောင် စာရင်းမထွက်မီ မေ ၆ ရက်က စစ် ကိုင်းတောင်ရိုး မြစကြာကျောင်း တိုက်၌ သာသနာဘောင်သို့ ဝင် ရောက်ခဲ့ကာ ဇွန် ၈ ရက်၌ ထွက် ရှိသော တက္ကသိုလ်ဝင်တန်းစာမေး ပွဲအောင်စာရင်းထွက်ရာတွင် ゞင်း မှာ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင် ခဲ့သည်။ ""ငယ်ငယ်လေးကတည်းက သင်္ကန်းဝတ်မှာဆိုတာ အိမ်ကလည်း သိတယ်။ ခွင့်လည်းပြုတယ်။

ဒါပေ မဲ့ မိဘတွေက ၁၀ တန်းလေးတော့ ဖြေပါဦးဆိုတာကြောင့် ဖြေခဲ့တယ်။ ဆယ်တန်းအောင်စာရင်းနဲ့ ပတ် သက်ပြီး ဘာသာစုံဂုဏ်ထူးနဲ့ အောင် တာဆိုတော့ ပျော်တော့ပျော်တယ်။သာသနာဘောင်ကိုဝင်ရတဲ့ အ ကြောင်းရင်းက ကျေးဇူးဆပ်ချင်လို့ ပါ။ ခုလိုဘဝရတာ အနန္တော၊ အနန္တ ငါးပါးရဲ့ ကျေးဇူးတွေကြောင့်ပါ။အဲဒီကျေးဇူးတွေကိုဆပ်ချင်လို့ တစ် နည်းအားဖြင့် ဘုရားရဲ့ကျေးဇူးကို လည်းဆပ်ချင်လို့ပါ။ ဒါကြောင့် ဒီသာသနာတော်ကြီးမှာ ရာသက်ပန် နေဖို့ဆုံးဖြတ်ထားပါတယ်။ ယော ဆရာတော်ကြီးကဲ့သို့ တိပိဋကဆ ရာတော်တစ်ပါးဖြစ်အောင် ကြိုးစား သွားမယ်"" ဟု သာမဏေ ရှင်ကုဏ္ဍ လက မိန့်ကြားသည်။

ဘာသာစုံဂုဏ်ထူးဖြင့်အောင် မြင်ခဲ့သည့် မောင်အောင်ကောင်း ဆက် (ယခုအခါ သာမဏေ ရှင် ကုဏ္ဍလ)သည် လောကီပညာရပ် များကိုစွန့်လွှတ်၍ ယခုအခါ စစ် ကိုင်းတောင်ရိုး၊ မြစကြာကျောင်း တိုက်၌ လောကုတ္တရာစာပေများ ကို ဆက်လက်သင်ကြားနေကြောင်း သိရသည်။

No comments:

Post a Comment