Wednesday, June 12, 2019

ရန်ကုန်တွင် အခြေစိုက်၍ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ ၅၀၀ ခန့်ထုတ်ရန် ဒေဝူးစီစဉ်

ကိုရီးယားနိုင်ငံမှ မော် တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သော DAEWOO က SKD (အစိတ်အပိုင်းများ တင်သွင်းထားပြီး ပြန်လည်တပ်ဆင် ထုတ်လုပ်သည့်စနစ်) ဖြင့် ပြည်တွင်း၌ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ ၅၀၀ ထုတ်လုပ်မည်ဖြစ် ကြောင်း ယမန်နေ့က ထုတ်ပြန် သည်။ ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်တွင် ထုတ် လုပ်မည့် Daewoo City Bus BS 106 နှင့် Lestar Minibus နှစ်မျိုးကို ပြည်တွင်းအတွက်သာမက ပြည်ပသို့ တင်ပို့မည်ဖြစ်သည်။



Daewoo Bus Myanmar Company ၏ မန်နေဂျင်းဒါရိုက် တာ ဒေါက်တာကျော်ကျော် အောင်က ပြောရာတွင် ‘‘Pilot Production အနေနဲ့ စထုတ်နေ ပြီ။ ကိုရီးယားက ထုတ်လုပ်တဲ့ Quality အတိုင်း ရမှာဖြစ်တယ်။ City Bus မှာတော့ ဒီဇယ်နဲ့ CNG နှစ်မျိုးထုတ်လုပ်သွားမှာ ဖြစ်ပါ တယ်’’ဟု ပြောသည်။ Lestar Minibus ကို အခြေခံဈေးနှုန်း ကန်ဒေါ်လာ ၄၅,၀၀၀ နှင့် City Bus BS 106 ၏ ဈေးနှုန်းသည် ကန်ဒေါ်လာ ၈၅,၀၀၀ ရှိမည်ဖြစ်ပြီး ဝယ်ယူသူ၏လိုအပ်ချက် ပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်း အလဲရှိမည်ဖြစ်ကြောင်း ဒေါက် တာကျော်ကျော်အောင်က ပြော သည်။

စက်မှုဝန်ကြီးဌာနနှင့် Myanmar Trade Center Com-pany တို့ ပူးပေါင်းပြီး Daewoo ဘတ်စ်ကားများ ထုတ်လုပ်ရန် ၂၀၁၇ ကတည်းက ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် SKD စနစ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံနေသည့် ကုမ္ပဏီ ၁၀ ခုခန့်ရှိ ကြောင်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment