Wednesday, June 12, 2019

ကျွန်းစုမြို့နယ်တွင် ခရီးသည်တင်စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွား

ကျွန်းစုမြို့နယ်၊ကံမော်ကျေးရွာအုပ်စု၊ ငမန်းချောင်းတောင်ကျေးရွာမှာ ဇွန်လ ၁၁ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က ခရီးသည်တင်စက်လှေတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ငါးမန်းချောင်းတောင်ကျေရွာနေ ဦးဌေးအောင်ပိုင်ဆိုင်တဲ့ "အောင်မြတ်မင်း"အမည်ရှိစက်လှေ ရွာဆိပ်ကမ်းတွင် ကုန်ပစ္စည်းတင်/ချနေစဉ် စက်ခန်းအတွင်းမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်မှုဖြစ်ပွားရာသို့ ဒေသခံများဝိုင်းဝန်းငြိမ်းသတ်ရာ နေ့လယ် ၁ နာရီခွဲတွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါတယ်။မီးလောင်မှုကြောင့်စက်လှေရဲ့ပဲ့ပိုင်းဆုံးရှုံးသွားကြောင်းသိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်ဆရာဖြစ်သူ ကျော်ဇင်ထိုက် ကို ကံမော်ရဲစခန်းမှ အမှုဖွင့်အရေးယူထားပါတယ်။

No comments:

Post a Comment