Wednesday, June 12, 2019

မမှန်ကန်သော နည်းလမ်းများဖြင့် ပြည်သူကို အကျိုးယုတ်စေမည့် လုပ်ငန်းများဆောင်ရွက်ပါက ယှဉ်ပြိုင်မှုဥပဒေဖြင့် တားမြစ်မည်

ဈေးကွက်အ တွင်း မမှန်ကန်သောနည်းလမ်း များဖြင့် အများပြည်သူကိုအကျိုး ယုတ်စေမည့် လုပ်ငန်းများဆောင် ရွက်ပါက ယှဉ်ပြိုင်မှုဥပဒေဖြင့် တားမြစ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဒုတိယ ဥက္ကဋ္ဌဦးသန်းမောင်ကပြောသည်။ ဇွန် ၁ဝ ရက်က နေပြည် တော်ရှိ သင်္ဂဟဟိုတယ်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မိတ်ဆက်ပွဲအခမ်းအနားတွင် ပြော ခြင်းဖြစ်ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ၂ဝ၁၈ ခုနှစ်အောက် တိုဘာလမှစတင်၍ အတွေ့အကြုံ ရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ ဥပဒေပညာရှင်များဖြင့် အစိုးရ ပိုင်းမှ ခြောက်ဦး၊ ပုဂ္ဂလိကပိုင်းမှ ငါးဦး စုစုပေါင်း ၁၁ ဦး ဖြင့်ဖွဲ့ စည်းထားခြင်းဖြစ်ကြောင်း သိရသည်။



မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော် မရှင်ဒုတိယဥက္ကဋ္ဌဦးသန်းမောင် က''စီးပွားရေးလုပ်ငန်းလုပ်ဆောင် ရာမှာ စီးပွားရေးလုပ်ငန်းအချင်း ချင်း ယှဉ်ပြိုင်ခြင်းကိုပြောတာ။ သဘောကတော့ ယှဉ်ပြိုင်ခြင်း သက်သက် ဒီဥပဒေကတားဆီး ခြင်း ပိတ်ပင်ခြင်းမရှိပါဘူး။ ဘယ် ဟာကိုမှတားနိုင်မလဲဆိုရင် ဈေး ကွက်အတွင်း မတော်မတရားမမှန် ကန်သော နည်းလမ်းတွေမသင့် လျော်သော နည်းလမ်းတွေ တစ် နည်းအားဖြင့် အများပြည်သူကို အကျိုးယုတ်စေမယ့်အချက်တွေ လုပ်ငန်းတွေ ဆောင်ရွက်မှုတွေ ပေါ်လာရင် ဒီဥပဒေကတားမြစ် မှာပဲဖြစ်ပါတယ်''ဟုယင်းအခမ်း အနားတွင်ပြောသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ ကို၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြဌာန်းခဲ့ပြီး နည်းဥပ ဒေကို၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် နိုင်ငံတကာစံနှုန်း နှင့်အညီပြဋ္ဌာန်းခဲ့ကာ ဈေးကွက် အတွင်း ယှဉ်ပြိုင်သူများဈေးကွက် အတွင်းမှ ထွက်သွားစေရန် ထုတ် လုပ်မှုကုန်ကျစရိတ်အောက် ရောင်း ချခြင်းနှင့် ဝန်ဆောင်မှုပေးခြင်း၊ ဈေးကွက်ပေါက်ဈေးနှင့်ကိုက်ညီမှုမရှိသော ဈေးနှုန်းများ သတ်မှတ် ရောင်းချခြင်း၊ ကုန်စည်ထုတ်လုပ် ခြင်း၊ ဖြန့်ဖြူးခြင်းနှင့်ဝန်ဆောင် မှုပေးခြင်းတို့ကို ကန့်သတ်ထား ခြင်း၊ မျှတမှုမရှိသောယှဉ်ပြိုင်မှု ဖြစ်ပေါ်စေရန် တစ်ပြေးညီမ ဟုတ်သော စည်းမျဉ်းများချမှတ် ခြင်း၊ အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရာတွင် တရားမျှတမှုမရှိဘဲ လက်ခံရန်အတင်းအကျပ်ပြုခြင်း တို့ကိုမပြုလုပ်ရန် ယှဉ်ပြိုင်မှုဥပဒေ အရ တားမြစ်ထားပြီး ယင်းသို့ဈေး ကွက်အတွင်း တရားမျှတစွာယှဉ် ပြိုင်မှုမရှိပါက ပြစ်မှုထင်ရှားလျှင် ဥပဒေအရထောင်ဒဏ်သုံးလမှ သုံးနှစ်အထိဖြစ်စေ၊ ငွေကျပ်တစ် သိန်းမှ သိန်း(၁၅ဝ)ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်က ''၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့မြန်မာ နိုင်ငံ ယှဉ်ပြိုင်မှုဥပဒေမှာ အပ်နှင်း ထားတဲ့လုပ်ငန်းတွေကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ဖို့အ တွက် ယှဉ်ပြိုင်မှုကော်မရှင်ကိုဖွဲ့ စည်းရခြင်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း ဆောင်ရွက်ရာမှာ မိမိတို့ကိုယ်တိုင် မျှမျှတတလုပ်ကိုင်ဆောင်ရွက် တတ်ဖို့ အပြိုင်အဆိုင်ကြိုးစားဖို့လို အပ်သလို မိမိတို့အနေနဲ့ စီးပွား ရေးအရ အနိုင်ကျင့်မခံရအောင် တစ်ဖက်သားကို အနိုင်မကျင့်အောင် ဆိုတဲ့ အခြေအနေကို ရောက် လာဖို့အတွက် ယှဉ်ပြိုင်မှုကော်မ ရှင်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက် ကြမလဲ။ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းတွေနဲ့ ဥပဒေနဲ့ အညီ လုပ်ထုံးလုပ်နည်းနဲ့ဘယ်လို ဆောင် ရွက်ကြမလဲဆိုတာ အင်မတန် အရေးကြီးပါတယ်။ ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ စားသုံးသူများ၊ အစိုးရများနဲ့ပြည်သူတွေအားလုံး အပြန်အလှန်အကျိုးရှိနိုင်မှာဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါလို့ ပြော ချင်ပါတယ်''ဟုပြောသည်။

မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အရ ယှဉ်ပြိုင်သူအသစ်များဝင် ရောက်လာခြင်းကို မတရားသည့် နည်းလမ်းဖြင့် တားဆီးခြင်း၊ အ ထောက်အကူပစ္စည်းများကို အ သုံးပြုခွင့်ငြင်းပယ်ခြင်းနှင့် ခွဲခြား မှုပြုခြင်း၊ စီးပွားရေးလုပ်ငန်းအ ချင်းချင်း စာချုပ်သက်တမ်းမကုန် မီ စာချုပ်ဖျက်ရန်ဆွဲဆောင်ခြင်းနှင့် မျှတမှုမရှိဘဲ ကုန်စည်တင် သွင်းပြီး ပေါက်ဈေးအောက်လျှော့ ရောင်းခြင်းတို့ကိုလည်း မပြုလုပ် ရန်လည်း တားမြစ်ထားကြောင်း သိရသည်။

No comments:

Post a Comment