Wednesday, June 12, 2019

ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်လုပ်ကိုင်နိုင်သော လူဦးရေများပြားပြီး လူငယ်ဦးရေအချိုးအစား မြင့်မားလျက်ရှိရာ အနာဂတ်တွင် သက်ကြီးရွယ်အို လူဦးရေများပြားမည့် အလားအလာရှိနေ

ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်လုပ်ကိုင်နိုင်သော လူဦးရေများပြားပြီး လူငယ်ဦးရေအချိုးအစား မြင့်မားလျက်ရှိရာ အနာဂတ်တွင် သက်ကြီးရွယ်အိုလူဦးရေများပြားမည့် အလားအလာရှိနေကြောင်း  ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ဝေထားသည့် ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းအစီရင်ခံစာအရ သိရသည်။ြ ပည်သူ့အင်အားဦးစီးဌာနမှ တရားဝင်ထုတ်ပြန်သော ‘သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်း’ တွင်ဖော်ပြထားချက်အရ မြို့ပြရှိ သက်ကြီးရွယ်အိုဦးရေမှာ ကျေးလက်ထက်ပိုများနေပြီး မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သက်ကြီးရွယ်အိုဦးရေပမာဏ တိုးပွားလာမှုအမြင့်ဆုံးဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင်အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းရှိပြီး ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အို ၁၃ သန်းအထိရှိလာမည်ဟု ခန့်မှန်းထားကြောင်း၊ အဆိုပါစစ်တမ်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိသော အချက်အလက်များကို အခြေခံ၍ ပြုစုထားသော စစ်တမ်းဖြစ်ကြောင်း၊၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ သက်ကြီးရွယ်အို ၁၃ သန်း ရှိလာမည်ဟု ခန့်မှန်းထားရာ ယင်းနှစ်တွင် မြန်မာနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံသည် လက်ရှိစင်ကာပူနိုင်ငံ၏ အသက်ဖွဲ့စည်းမှုပုံစံနှင့်တူညီနေမည်ဖြစ်ပြီး အသက်၆၀ နှစ်နှင့်အထက်တွင် လူဦးရေ ၂၀ ရာခိုင်နှုန်ခန့် ပါဝင်နေမည်ဖြစ်ကြောင်းနှင့် ၂၀၅၀ ပြည့်နှစ်တွင် သက်ကြီးရွယ်အိုအရေအတွက်နှင့် အသက် ၁၅ နှစ်အောက်ကလေးအရေအတွက် တူညီလုနီးပါးဖြစ်နေမည်ဖြစ်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော အချက်အလက်များကို အသုံးပြု၍ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲခြင်းနှင့် သက်ကြီးရွယ်အိုဦးရေ၊ သက်ကြီးရွယ်အိုများ၏ လူမှုရေးဆိုင်ရာအချက်အလက်များ၊ နေထိုင်မှုအခြေအနေများ၊ စီးပွားရေးဆိုင်ရာ အခြေအနေများ၊ ကျန်းမာရေးနှင့် မျှော်မှန်းသက်တမ်း၊ ဒေသအလိုက် သက်ကြီးရွယ်အိုများ၏ ကွာခြားချက်များ စသည့်အကြောင်းအရာများကို လေ့လာထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
သုတေသနအရ ၁၉၇၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်းတွင် နှစ်စဉ်စုစုပေါင်းလူဦးရေ တိုးနှုန်း ၁ဒသမ၄ ရာခိုင်နှုန်းသာရှိခဲ့သော်လည်းအသက် ၆၀ နှစ်နှင့်အထက် လူဦးရေသည် နှစ် စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တိုးတက်လာခဲ့ကြောင်း၊ မြို့ပြတွင် ကျေးလက်ထက် သက်ကြီးရွယ်အိုဦးရေပိုများပြီး လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးပွားမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်၌ အချက်အချာကျသော တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စုစုပေါင်း လူဦးရေလျော့နည်းလာခြင်းနှင့်အတူ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေတိုး နှုန်းအမြင့်ဆုံးဖြစ်သည့် အခြေအနေများကို ကြုံတွေ့လာမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌဌာန်း ခဲ့ပြီး ဥပဒေကိုအကောင်အထည်ဖော်မည့် နည်းဥပဒေကို ဆက်လက်ရေးဆွဲလျက်ရှိကြောင်း နှင့် မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့များမှ တည်ထောင်ထားသော ဘိုးဘွားရိပ်သာစုစုပေါင်း ၈၁ ခုရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး စံပြဂေဟာကိုလည်း ဖွင့်လှစ်ပေးထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရသည်။

အစိုးရအနေဖြင့် သက်ကြီးရွယ်အိုဘဝ ဝင်ငွေလုံခြုံရေးကို အထောက်အကူဖြစ်စေရေးအတွက်ရည်ရွယ်ပြီး သက်ကြီးရွယ်အိုများအတွက် ငွေကြေးအထောက်အပံ့ပေးသည့် လူမှုရေးပင်စင်အစီအစဉ်ကို၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် လက်ရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးရွယ်အိုဦးရေ တစ်သိန်းကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment