Wednesday, June 12, 2019

မောင်တောတွင် စိတ်ကြွဆေးပြားလေးသိန်းခန့်နှင့်အတူ အမျိုးသားငါးဦးကို ဖမ်းမိ

 မောင်တောမြို့နယ် တွင် ကျပ်သိန်း ၇,၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်းခန့်နှင့်အတူ အမျိုးသား ငါးဦးကို ဖမ်းဆီးရမိခဲ့သည်။ ဇွန်လ ၉ ရက်က သတင်း အရ ခရေမြိုင်ကျေးရွာအနီးရှိ ARG စိုက်ပျိုးရေးခြံ အဆောက် အအုံသို့ သွားရောက်ရှာဖွေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။
  ‘‘မူးယစ်ဆေးဝါးနဲ့အတူ အမျိုးသားနှစ်ဦးကို ဖမ်းမိပါ တယ်။ နောက်ထပ် သတင်းအရ စိတ်ကြွဆေးပြားတွေ ပို့ဆောင်တဲ့ အမျိုးသားသုံးဦးကို ဘူးသီးတောင်မြို့နယ် ကွန်းတိုင်တံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်က ဖမ်းဆီးရ မိခဲ့တာ ဖြစ်ပါတယ်’’ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိခဲ့သူကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။ ဇွန်လ ၃ ရက်ကလည်း မောင် တောမြို့တွင် ကျပ်သိန်း ၅,၆၀၀ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၂၈၀,၀၀၀ ကျော်နှင့်အတူ ဘင်္ဂါလီအမျိုးသမီးတစ်ဦး ကိုဖမ်းဆီးရမိခဲ့သည်။

No comments:

Post a Comment