Wednesday, June 12, 2019

ဆရာဝန် ၃ ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှ တစ်ဖက်ယာဉ်မောင်း လာအဖမ်းခံ

ဆရာဝန် ၃ ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှ ကွန်ကရစ်တိုင်များတင်ဆောင်ထားသည့်ကား၏ ယာဉ်မောင်း က  ဇွန် ၁၁ ရက် ညပိုင်းက  ဖျာပုံရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ယမန်နေ့ ဇွန် ၁၁ ရက်နေ့၊ နံနက် ၃ နာရီဝန်းကျင်ခန့်က ဖျာပုံဆေးရုံမှ ဆရာဝန် ၆ ဦးပါသည့်ကားမှ ဖျာပုံမြို့နယ်၊ ဖျာပုံ-ကျိုက်လတ်လမ်းရှိ ချောင်းတွင်းတံတားတွင် ကွန်ကရစ်ဓာတ်တိုင်များတင်ပြီး ရပ်ထားသည့် (၁၀)ဘီးကားအား နောက်မှ ဝင်တိုက်မိခဲ့ပြီး  ဆရာဝန် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် ဖျာပုံဆေးရုံမှ လက်ထောက်ဆရာဝန် ၃ ဦး သေဆုံး
“ပညာပေးကတော့ မှုခင်းကျဆင်းရေးဆောင်ရွက်ရင်နဲ့ တံတားတွေ၊ လမ်းတွေမှာ မလွတ်မကင်း မရပ်ထားဖို့ ၊ ညအမှောင်တွေမှာ ရောင်ပြန်ကပ်ပြီး ရပ်ဖို့ ကျွန်တော်တို့ အမြဲပြောတယ်။ ပြည်သူလူထုအနေနဲ့ လိုက်နာဖို့တော့ လိုတာပေါ့၊ မိမိကြောင့် တခြားသူအန္တရာယ်ဖြစ်ရင် မကောင်းဘူးပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောသည်။ကွန်ကရစ်တိုင်များ တင်ဆောင်ထားသည့်.ယဉ်၏ ယာဉ်မောင်း ဦးသန့် ဇော်(ခ)ဝဏ္ဍဍအား ဖျာပုံမြို့မရဲစခန်းတွင် ယာဉ် ပနံပတ်၃၆/၂၀၁၉ဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၃၃၈တို့ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။“ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းက ထိထိရောက်ရောက်လုပ်ဖို့ လိုနေတယ်ပေါ့။ မြို့နယ်တိုင်းမှာ ဖြစ်နေတာပါ့။ ကျွန်တော်တို့အပိုင်းကလည်း သက်ဆိုင်ရာကို ထပ်ပြီး တိုက်တွန်းသွားဖို့ ရှိပါတယ်”ဟု ဖျာပုံမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်က ပြောသည်။ယာဉ်တိုက်မှုတွင် ကွန်ကရစ်ဓာတ်တိုင်များမှာ ကားနောက်မှန်အထိ ထိုးဝင် ပေါက်ထွက်သွားပြီး ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာ အေးမြတ်သူနှင့် ဒေါက်တာ ပန်ဂျာထွယ်တို့သေဆုံးခဲ့၍ ကားပေါ်တွင် အတူစီးနင်းလိုက်ပါလာသော ဒေါက်တာနေမျိုးစု ၊ဒေါက်တာ လှမျိုးသူနှင့် ဒေါက်တာ နှင်းအိစိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့ မှ အမှုဖွင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment