Wednesday, June 12, 2019

စင်ကာပူငွေစက္ကူအတုများကို သတိပြုကြရန် စင်ကာပူရဲတပ်ဖွဲ့ ညွှန်ကြားချက်ထုတ်

စင်ကာပူငွေစက္ကူအတု လက်ဝယ်မိသူ ၃ ဦးကို ဖမ်းဆီးအရေးယူလိုက်ပြီးနောက်ဝယ် စင်ကာပူငွေစက္ကူအတုများကို သတိပြုကြရန် ညွှန်ကြားချက်တစ်ရပ်ကို စင်ကာပူရဲတပ်ဖွဲ့က ယနေ့(ဇွန် ၁၁)တွင် ထုတ်ပြန်လိုက်သည်။ သိရှိရသော သတင်းများအရ စင်ကာပူ ဒေါ်လာ ၁၀၀ တန်နှင့် ၅၀ တန်အတုများဖြင့် စားသောက်ဆိုင်များ စတိုးဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်များတွင် ဈေးဝယ်သူများရှိနေကြောင်း တာဝန်ရှိသူများကပြောသည်။ ”အဲဒီငွေစက္ကူအတုတွေဟာ မိတ္တူကူးပြီး ပရင့်ပြန်ထုတ်ထားတာတွေပါပဲ။ ငွေစက္ကူတွေမှာပါတဲ့ ရေစာတို့ လုံခြုံရေးကြိုးတို့ မပါရှိပါဘူး”ဟု ရဲတပ်ဖွဲ့ကပြောသည်။ စင်ကာပူငွေစက္ကူအတုများ လက်ဝယ်ကိုင်ဆောင်သုံးစွဲသူ အသက် ၂၅ နှစ်မှာ ၂၉ နှစ်ကြား အရွယ်ရှိ အမျိုးသား သုံးဦးကို မေလ ၂၅ ရက်မှ ဇွန်လ ၄ ရက်အတောအတွင်း စင်ကာပူရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သည်။

No comments:

Post a Comment