Wednesday, June 12, 2019

အိန္ဒိယတွင် ရေတွင်းထဲပြုတ်ကျသော ကလေးကို မကယ်နိုင်ဖြစ်ပြီးနောက် ဆန္ဒပြပွဲများဖြစ်ပွား

ကျဉ်းမြောင်းသော ရေတွင်းအတွင်း လေးရက်ကြာ ပိတ်မိခဲ့သော အသက် (၂)နှစ်အရွယ် အိန္ဒိယကလေးငယ်ကို ဇွန်လ၁၁ ရက်က သေဆုံးလျက်သား ပြန်လည်ဆယ်ယူခဲ့ရာ ကူညီကယ်ဆယ်ရေး နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ ဆန္ဒပြပွဲများ ဖြစ်ပေါ် စေခဲ့သည်။ ဖာတက်ခ်ျဗီယာဆင်း၏အ မှုကို တစ်နိုင်ငံလုံးက အာရုံစိုက် ခဲ့ပြီး ၎င်းသည် ဇွန်လ ၆ ရက်က ကစားနေစဉ် ၃၃ မီတာနက်သော ရေတွင်းထဲသို့ လိမ့်ကျခဲ့သည်။ ပန်ဂျပ်ပြည်နယ် ဆန်ဂရာ ခရိုင်ရှိ ယင်းရေတွင်းပျက်သည် ၂၃ စင်တီမီတာသာ ကျယ်ဝန်း သဖြင့် ဒါဇင်နှင့်ချီသော ကယ် ဆယ်ရေးလုပ်သားများ၏ ကြိုး ပမ်းအားထုတ်မှုများ အခက်အခဲ တွေ့ခဲ့ပြီး ယင်းကို ဒေသခံများနှင့် ရုပ်သံများက မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည်။


‘‘ကလေးက အသက်မရှိ တော့ပါဘူး’’ဟု ပန်ဂျပ်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးက ပြောသည်။ အာဏာပိုင်များသည် ရေ တွင်းနှင့်အပြိုင် ကပ်လျက် တွင်း တစ်တွင်းတူးကာ ၉၁ စင်တီမီတာ ကျယ်သော ပိုက်လုံးတစ်လုံးကို ရေတွင်းထဲသို့ ထိုးထည့်ခဲ့သည်။

 ကယ်ဆယ်ရေးမအောင် မြင်ဖြစ်ပြီးနောက် ဒေသခံများကဒေါသဖြစ်ခဲ့ပြီး ပြည်နယ်အစိုးရ အပေါ် ဆန့်ကျင်သော ကြွေးကြော်သံများ၊ ဆောင်ပုဒ်များ အော်ဟစ် ခဲ့သည်။ ထို့အပြင် ဆန္ဒပြသူများက အဓိကလမ်းမကြီးတစ်ခုကို ပိတ် ဆို့ပြီး နောက်ထပ်မငြိမ်သက်မှု မဖြစ်စေရန် ရဲတပ်ဖွဲ့ဝင်များ စေ လွှတ်ဖြန့်ကြက်ခဲ့ရသည်။ ပြည်နယ်တစ်ဝန်း အကာအ ရံမရှိသော ရေတွင်းများကို ဘေး အန္တရာယ်ကင်းရှင်းရေး ဆောင် ရွက်ရန် ပန်ဂျပ်ပြည်နယ်ဝန်ကြီး ချုပ် အာမရန်ဒါဆင်းက ညွှန်ကြားထားသည်။

No comments:

Post a Comment